Main menu

Background

မြစိမ်းရောင်စွမ်းအင်စီမံကိန်းဆောင်ရွက်ဖို့ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေကို တိုက်တွန်း

Wed, 01/04/2012 - 04:44 -- Anonymous (not verified)

    စီးပွားရေးလုပ်ငန်းတွေက စွမ်းအင်ကို ချွေတာပြီး ဂေဟစနစ်ကို ကာကွယ်ရမယ်။ တစ်ချိန်တည်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရင်း ရာသီဥတုပြဿနာကို ဖြေရှင်းဖို့ အတွက် ဆောင်ရွက်ဖွယ်ရာကိစ္စတွေကို ဖြေရှင်းရမယ်" လို့ ဟိုချီ မင်းစီတီမှာ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ ဖိုရမ်ကို တက်ရောက်လာကြတဲ့ ကျွမ်းကျင်သူတွေက ပြောပါ တယ်။     "ဒီဖိုရမ်မှာ မြစိမ်းရောင်စီးပွားရေး၊သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ လုပ်ငန်း၊ စွမ်းအင်ချွေတာမှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးစတဲ့ ကနဦးအစီအစဉ် တွေနဲ့ စီမံချက်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်"လို့ ကူးလောင်း (မဲခေါင်) မြစ်ဝကျွန်း ပေါ် ဖွံ့ဖြိုးရေးသုတေသနစင်တာရဲ့ အကြီးအကဲ ပါမောက္ခငုယင်ငေ့ါထရန်က ပြောပါတယ်။    ဖိုရမ်မှာ အဓိကထားဆွေးနွေးတာက မြစိမ်းရောင်စွမ်းအင်ကိုလူတွေ သတိထားမိ လာအောင် ဆက်သွယ်ဆောင်ရွက်ရာမှာ ကော်ပိုရေးရှင်းတွေ ပါဝင်လာရေးကို အဓိက ဆွေးနွေးကြမှာဖြစ်ပါတယ်။ အခြားအကြောင်းအရာတွေကတော့ ကူးလောင်း (မဲခေါင်) မြစ်ဝကျွန်းပေါ်ဒေသမှာရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံရတဲ့ဒေသတွေကို အထောက် အပံ့ပေးဖို့နဲ့ ကူးလောင်း (မဲခေါင်) မြစ်ဝကျွန်းပေါ်ဒေသမှာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်မဲ့ ရေရှည်ယန္တရားတစ်ခုကို တည်ဆောက်ရေးဖြစ်ပါတယ်။    တရုတ်နိုင်ငံကသန့်ရှင်းတဲ့စွမ်းအင်ဖော်ဆောင်ရေးအတွက် သူ့ရဲ့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံ မှု ဒေါ်လာ ၆၂ ဘီလီယံထဲက ၂၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားပြီး တောင်ကိုရီးယားက သူရဲ့ စီးပွားရေးစွမ်းအားမြှင့်အစီအစဉ်ရဲ့ ၈၀ ရာခိုင်နှုန်းကို မြစိမ်းရောင်စွမ်းအင်ကဏ္ဍ မှာ ရင်းနှီး မြှုပ်နှံထားပါတယ်။    ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေး ရှင်း IFC ကစွမ်းအင်အသုံးပြုမှုနဲ့သက်ဆိုင်တဲ့ စာရင်းဇယားတွေကို ဒီဇင်ဘာ၂၇ ရက် က ထုတ်ပြန်ခဲ့ပါတယ်။    ၁၉၉၈ ခုနှစ်က ၂၀၀၆ ခုနှစ်အတွင်း စွမ်းအင်သုံးစွဲမှုက သုံးဆတက် လာပြီး ၄၅ ရာခိုင်နှုန်းကို စက်မှုကဏ္ဍမှာ အသုံးပြုပါတယ်။ ဒါပေမယ့် အကြီး စားစက်မှု လုပ်ငန်း တွေမှာ စွမ်းအင်ချွေ တာမှုမှာ နိမ့်ကျနေတယ်။ စက်ရုံ ၇၅ ရာခိုင်နှုန်းတွေက စွမ်းအင်ကို ဖြုန်းတီးနေတယ်"လို့ အထွေထွေစွမ်းအင်ဌာနရဲ့ သိပ္ပံနဲ့ နည်းပညာဌာနမှ အကြီးအကဲ ဖုန်ဟွမ်ကင်က ပြောပါတယ်။    ဒီအခြေအနေကို တိုးတက်ကောင်းမွန်လာစေဖို့အတွက် စွမ်းအင်ချွေတာမှု၊ ပြန် ပြည့်မြဲစွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုလိုက်ဖက်တဲ့ ထုတ်လုပ်မှု နည်းပညာ တွေသုံးဖို့နဲ့ စွမ်းအင်ချွေတာရေးကို လူတွေသိမြင်လာအောင် ဆောင်ရွက်ဖို့ IFC  က ကြိုးပမ်းဆောင် ရွက်နေပါတယ်။Source: VNS