Main menu

Background

တောင်ကိုရီးယားမှ ပြည်ပထွက်ခွာသူ ခရီးသည် မြင့်တက်

Wed, 01/04/2012 - 04:46 -- Anonymous (not verified)

    အဖွဲ့လိုက်ခရီးစဉ်အတွက် ဈေးသက်သာစွာ ပိုမိုရရှိခဲ့တဲ့အတွက် ပင်လယ်ရပ်ခြားကို ထွက်ခွာတဲ့ခရီး သည် ဦးရေက ၂၀၁၁ ခုနှစ်မှာ သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ဒီဇင်ဘာ ၂၉ ရက်ကထုတ်ပြန်တဲ့အစိုးရ စာရင်းဇယားများအရ သိရပါတယ်။ ဇန်နဝါရီက နိုဝင်ဘာ အတွင်း တောင်ကိုရီးယားလူမျိုး ၁၁ ဒသမ ၉၇  သန်း နိုင်ငံမှထွက်ခွာခဲ့ကြတဲ့အတွက် ယခင်နှစ်အလားတူကာလ ထက် ၁ ဒသမ ၈ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တယ်လို့ တရား ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါ တယ်။    တစ်လကိုနိုင်ငံခြားခရီးသည်ပျှမ်းမျှ တစ်သန်းခရီး ထွက်နေတဲ့အတွက်နှစ်အကုန်မှာ ၁၃ သန်းကို ရောက်ရှိ လာမယ်လို့ Hanatour Service Inc.  ခရီးသွား အေဂျင် စီ က ခန့်မှန်းထားပါတယ်။    တောင်ကိုရီးယားက ပင်လယ်ရပ်ခြားကို အများဆုံး ထွက်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ခရီးသည်ဦးရေ ၁၃ ဒသမ ၆၂ သန်းရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ၉ ဒသမ ၈ သန်းထိ ကျဆင်းခဲ့ပါတယ်။    ခရီးသွားရာဒေသတွေက အရှေ့တောင်အာရှနိုင်ငံ တွေကို ၃၇ ဒသမ ၃ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံကို ၃၁ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ ဂျပန်ကို သွားတဲ့သူက ၁၄ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။ မတ်လ ငလျင်ကြောင့် အဓိက အားဖြင့်ဖြစ်ပါတယ်။    ၂၀၁၁ ခုနှစ်မှာ တောင်ကိုရီးယားကိုလာလည်တဲ့သူ က ၉ ဒသမ ၈ သန်းရှိမယ်လို့ Hanatour   ကခန့်မှန်းထား ပါတယ်။Source. yonhap News