Main menu

Background

ဘရာဇီး စီးပွားရေး ၂၀၁၅ ခုနှစ်တွင် ပြင်သစ်ကို ကျော်တက်နိုင်ဖွယ်ရှိ

Wed, 01/04/2012 - 04:47 -- Anonymous (not verified)

    ဘရာဇီးနိုင်ငံက BRIC   ခေါ်ထွန်းသစ်စ စီးပွားရေး နိုင်ငံမှာ ပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဘရာဇီး နိုင်ငံရဲ့ စီးပွားရေးက ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်သစ်နိုင်ငံကို ကျော် တက်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေးအရ နံပတ် ၅ နေရာကို ရောက်လာလိမ့်မယ်လို့ ဘရာဇီးနိုင်ငံဘဏ္ဍာရေး ဝန်ကြီး က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့က ၂၀၁၅ ခုနှစ်မှာ ဘရာဇီးနိုင်ငံက ကမ္ဘာ့ စီးပွားရေး မှာ ပဉ္စမနေရာကို ရောက်ရှိလာမယ်လို့ ခန့်မှန်း ပေမဲ့ သူကတော့ ၂၀၁၅ ခုနှစ်မတိုင်မီရောက်ရှိလာမယ်လို့ ခန့်မှန်းကြောင်းဘဏ္ဍာရေးဝန်ကြီး ဂီယူဒိုမန်တေဂါကပြော ကြောင်း ဘရာဇီးနေ့စဉ် သတင်းတစ်စောင်မှာ ဖော်ပြထား ပါတယ်။    ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးကလျင်မြန်စွာ တိုးတက် နေပြီး ဥရောပနိုင်ငံတွေရဲ့ ဂျီဒီပီတိုးတက်နှုန်းနှစ်ဆကျော် တိုးတက်နေတဲ့အတွက် ဘရာဇီးနိုင်ငံက ဥရောပမှာ စီးပွား ရေးအရ ဒုတိယနေရာကိုရောက်နေတဲ့ ပြင်သစ်နိုင်ငံကို ကျော်တက်နိုင်လိမ့်မယ်လို့ မန်တေးဂါးက ဆိုပါတယ်။    ဒီဇင်ဘာ ၂၆ ရက်က လန်ဒန်အခြေစိုက် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းသုတေသနစင်တာက ၎င်းရဲ့ နောက်ဆုံး ကိန်းဂဏန်းတွေကိုထုတ်ပြန်ခဲ့ရာ ဘရာဇီးကဗြိတိန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာစီးပွားရေးမှာ ဆဌမ နေရာကိုရောက် ရှိလာတယ်လို့ ဖော်ပြထားပါတယ်။    ဘရာဇီးနိုင်ငံစီးပွားရေးက ၂၀၁၁ ခုနှစ်မှာ ၃ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။Source. arirang,co,kr.