Main menu

Background

LCD ဖက်စပ်ကုမ္ပဏီ ရှယ်ယာများကို ဆိုနီက ဆမ်ဆောင်းကို ပြန်ရောင်း

Wed, 01/04/2012 - 04:50 -- Anonymous (not verified)

    တောင်ကိုရီးယားရှိ  LCD ဖက်စပ်ကုမ္ပဏီမှ ရှယ်ယာများကို ဆိုနီ ကုမ္ပဏီက သူ၏စီးပွားဖက်ကုမ္ပဏီသို့ ပြန်လည်ရောင်းချရန် သဘော တူညီထားပြီး ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုက တနင်္လာနေ့ (ဒီဇင်ဘာ ၂၆)က ကြေညာ ပါတယ်။ ဆမ်ဆောင်းက ဖက်စပ်ကုမ္ပဏီ S-LCD Corp  မှ ဆိုနီကုမ္ပဏီ၏ရှယ်ယာအားလုံးကို ဝယ်ယူခဲ့ရာ ဆမ်ဆောင်းကဖက်စပ် ကုမ္ပဏီ ရှယ်ယာအားလုံးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။    တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနဲ့ LCD ထုတ်လုပ်ရေးနယ် ပယ်များတွင်ကုမ္ပဏီကြီးနှစ်ခုက ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ဒီကုမ္ပဏီနှစ်ခုက ဖက်စပ်ကုမ္ပဏီ S-LCD   ကို တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကစပြီး ထူထောင်ကာ အဓိကအားဖြင့်တယ်လီဗီးရှင်းတွေမှာ သုံးတဲ့ LCD မော်နီတာတွေကို ပူးပေါင်းထုတ်လုပ်ခဲ့ပါတယ်။    ရှယ်ယာလွှဲပြောင်းမှုလုပ်ငန်းတွေကို ဇန်နဝါရီလကုန်မှာ အပြီးသတ် ဆောင်ရွက်မှာ ဖြစ်ပြီး ဆိုနီကုမ္ပဏီက ဝမ် ၁ ဒသမ ၀၈ ထရီလီယံ (ဒေါ်လာ ၉၃၉ သန်း) ရရှိမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။     LCD မော်နီတာတွေကိုပေးသွင်း/ဝယ်ယူဖို့နဲ့ ပတ်သက်တဲ့ မဟာ ဗျူဟာ သဘောတူညီချက်အသစ်ကိုလည်း ချုပ်ဆိုကြဖို့ကုမ္ပဏီနှစ်ခုက သဘောတူထားပါတယ်။                                 Source. AFP