Main menu

Background

နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်ကို တစ်ဖက်သတ်ဝင်ရောက်ကိုင်တွယ်ခြင်းမပြုဖို့ အမေရိကန်က ဂျပန်ကို တိုက်တွန်း

Wed, 01/04/2012 - 05:05 -- Anonymous (not verified)

    ယန်းတန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဂျပန်စီးပွားရေးတိုးတက်ရေး နှုန်းကို မြှင့်တင်ဖို့နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့် တက်ဖို့အတွက် ဈေးကွက်ထဲကို တစ်ဘက်သတ်ဝင်ရောက်ကိုင်တွယ် ဖြေရှင်း တာ မျိုးမလုပ်ဖို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံကို ဒီဇင်ဘာ ၂၇ ရက်က တိုက်တွန်းပါတယ်။     "ငွေလဲလှယ်နှုန်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ဈေးကွက်ထဲကို ဝင် ရောက်ကိုင်တွယ်တဲ့ နည်းလမ်းကိုသုံးပြီး ပြည်တွင်းယန်းငွေတန်ဖိုးမြင့်နေတာကို တုံ့ပြန်မဲ့အစား ဂျပန်နိုင်ငံက အခြေခံကျတဲ့ အချက်တွေကို ဆောင်ရွက်သင့် တယ်။ ပြည်တွင်းစီးပွားရေးရဲ့စွမ်းအားကို တိုးမြှင့်ပေးဖို့ တိကျတဲ့ခြေလှမ်းတွေ ကို ဆောင်ရွက်သင့်တယ်။ ဂျပန်စီးပွား ရေးလုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်း ရည်ကို တိုးမြှင့်ရမယ်။ ဖွံ့ဖြိုးမှုအလားအလာကို တိုးမြှင့်ပေးရမယ်" လို့ ကွန်ဂရက် သို့ တင်ပြတဲ့  အပြည်ပြည်ဆိုင်ရာစီးပွားရေးနဲ့ ငွေလဲလှယ်နှုန်း မူဝါဒများဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။    မတ် ၁၁ ရက်မြေငလျင်နဲ့ ဆူနာမီ ငလျင်နောက်ပိုင်း အမေရိကန်ဒေါ်လာ နဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုးမြင့်တက်ပြီးနောက် ယန်းငွေတန်ဖိုးကျဆင်းဖို့ အတွက် အမေရိကန်၊ ဂျပန်နဲ့ ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။Source: Mainichi Japan