Main menu

Background

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု လျော့ကျ

Sun, 01/08/2012 - 06:34 -- Anonymous (not verified)

    ယခင်တစ်ပတ်က မတ်ပဲအရောင်းအဝယ်ဖြစ်မှုများခဲ့ပေမဲ့ တင်ပို့မှုမှာတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၆၂၀၀ ခန့်တင်ပို့ခဲ့ရာမှ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း တန်ချိန် ၃၃၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလတစ်လလုံး တင်ပို့မှုအနေနဲ့ မတ်ပဲတန်ချိန် ၂၂၃၀၀ ခန့်ရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၄၂၃၀၀ ကျော်ထိ တင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဒီဇင်ဘာလအတွင်းမှာတော့ တန်ချိန် ၃၂၀၀၀ ခန့် တင်ပို့နိုင် ခဲ့လို့ ၂၀၁၁ ဒီဇင်ဘာလမှာ တန် တစ်သောင်းခန့် လျော့နည်းခဲ့ကြောင်း သိရပါ တယ်။    ဒီဇင်ဘာ ၃၀ ရက်အထိ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲပြည်ပတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၄၈၉၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၀၆ သန်း ကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူ အတွင်းမှာတော့ တန်ချိန် ၃၅၅၂၀၀ ခန့်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၆၂ သန်းကျော် ရရှိခဲ့တယ်လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၁၃၀၀၀၀ ကျော် ပိုမိုတင်ပို့ပြီးကြောင်း သိရပါတယ်။MIRT - MAPT