Main menu

Background

ရေသွင်းခြံ မတ်ပဲများ စတင်ဝင်ရောက်

Sun, 01/08/2012 - 06:37 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် မတ်ပဲကိုဆောင်းသီးနှံအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှာ ဧက ၄ ဒသမ ၀၆ သိန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ခရိုင် အတွင်း အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်များက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ် များ ဖြစ်ပြီး၊ ခရိုင်အတွင်းစိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီလနောက်ဆုံး ပတ်မှာ စထွက် တော့မှာဖြစ်ပြီး၊ လတ်တလောဈေးကွက်သို့ ရေသွင်းခြံမတ်ပဲသစ် များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကိုဝင်ရောက်လာတဲ့ မတ်ပဲသစ်များဈေးနှုန်းမှာ ပိဿာ ၂၀ တစ်တင်းကို ၁၃၃၀၀ ကျပ်ဖြစ်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်က သိရပါတယ်။                         အေးအေးခိုင်