Main menu

Background

ပဲစင်းငုံ တင်ပို့မှု ဆက်လက်အားကောင်း

Sun, 01/08/2012 - 06:39 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း အခြားပဲတင်ပို့မှု လျော့ကျမှုရှိပေမဲ့ ပဲစင်းငုံကတော့ ဆက်လက်တင်ပို့မှုအားကောင်းနေဆဲဖြစ်ပါတယ်။ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက် အတွင်းပဲစင်းငုံတန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှု တန် ချိန် ၆၉၀၀ ထက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။    ဒီဇင်ဘာလ တစ်လလုံး ပဲစင်းငုံတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၃၂၇၀၀ ခန့်ရှိပြီး နိုဝင်ဘာလအတွင်းမှာ တန်ချိန် ၆၃၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဒီဇင်ဘာလအတွင်းမှာ တန်ချိန် ၁၂၅၀၀ ကျော်သာ အတင်ရှိခဲ့လို့ ယခုနှစ် ဒီဇင် ဘာမှာ တစ်ဆခန့် ပိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၀ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုဟာ တန်ချိန် ၁၉၈၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၂၁ သန်းကျော် ရရှိကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၈၁၀၀၀ ခန့်နဲ့ ဝင်ငွေ ကန်ဒေါ်လာ ၇၃ သန်းကျော်ဖိုး တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။MIRT - MAPT