ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ် သွက်နေပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၆ ရက် အထိ နေ့စဉ်အရောင်းအဝယ်ဖြစ်ကာ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ခန့် အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယပဲစင်းငုံအထွက်လျော့တဲ့ သတင်းများ အပြင် လက်ရှိမြန်မာပဲစင်းငုံဈေးကို အကြိုက်တွေ့နေတဲ့အတွက် အဝယ်သွက်နေ ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်း ပဲစင်းငုံအသစ် အနည်းငယ်စီသာ ဝင်ရောက်မှုရှိသေးလို့ အများဆုံး အရောင်းအဝယ်ဖြစ်တာတော့ ပဲစင်းငုံအဟောင်း များဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန် FOB ပဲစင်းငုံဈေး အပြောင်းအလဲများ နှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ၊ အဖြူ အနီ(အဟောင်း)၆-၁-၂၀၁၂ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀၃၀-၁၂-၂၀၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၅၃၀-၅၅၀MIRT(MAPT)
Background