Main menu

Background

ပစ္စည်းအဝင်သွက် ဝယ်လက်ညီတဲ့ မုံရွာငုံနီ

Sun, 01/08/2012 - 06:42 -- Anonymous (not verified)

    နှစ်သစ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ပဲဟောင်းအရောင်းအဝယ် သွက်သလို ပဲသစ်လည်း ဝင်သလောက်အရောင်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ နယ်ခံကုန်သည်တွေအနေနဲ့ ပဲစင်းငုံနီ အဟောင်း ရောင်းထွက်ခဲ့သလို ပဲသစ်လည်း ယခုအပတ်မှာ ဈေးမြောက်လာလို့ ပစ္စည်းအဝင်သွက်လာသလောက် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်က ပဲဟောင်းတစ်တင်း ၁၃၄၀၀ ကျပ်၊ ပဲသစ်တစ်တင်း  ၁၄၆၀၀ ကျပ်သာ အမြင့်ဆုံးဈေးရခဲ့ရာက ယခုနှစ် ဈေးကွက်မှာပဲဟောင်းတစ်တင်း ၁၄၃၀၀ ကျပ်နဲ့ ပဲသစ်တစ်တင်း ၁၆၀၀၀ ကျပ် အသီးသီး တက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ဈေးကွက်မှာတော့ ယခုရက်သတ္တပတ်အတွင်း တစ်ရက်ကို ပဲဟောင်းအိတ် ၅၀၀၀ ခန့်နဲ့ ပဲသစ်အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်အသိုင်းအဝိုင်းထဲက ကြားသိရပါတယ်။  ထွန်းလှိုင်