Main menu

Background

ပြည်ပဲတီစိမ်းအဝင်များလာလို့ ဈေးပြန်လှုပ်လာ

Sun, 01/08/2012 - 06:56 -- Anonymous (not verified)

    ယခုတစ်ပတ် ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်မှာ ဒေသတွင်းမြို့နယ်များအပြင် ကံမ၊ အောင်လံ၊ ဥသျှစ်ပင်၊ မြို့နယ်များမှ တစ်ရက်အိတ် ၇၀၀ ကျော်၈၀၀ အထိအဝင်များလာခဲ့တာကိုတွေ့ရပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်ကထက် ဈေးအနည်းငယ်ပြန်မြင့်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုမှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ရန်ကုန်ဝယ်လက်၊ မန္တလေးဝယ်လက် ၂ မျိုးစလုံးအဝယ်ရှိခဲ့ကြပါတယ်။ ဒီဇင်ဘာလကုန်အထိ ရန်ကုန်ကို ပဲတီစိမ်းအိတ် ၃၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း