ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ၊ ပဲယင်း၊ ပဲပုပ်စေ့၊ ပဲကြီးနဲ့ မြဝတီနယ်စပ်မှ မတ်ပဲများ တင်ပို့နိုင်တာ တွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၆၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၄၂ သန်းတန်ဖိုးရှိ ပဲယင်း ၈၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ တန် ၃၀ နီးပါးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်းတန်ဖိုးရှိ ပဲကြီး ၁၃ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၄ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၄၀ လည်း ယခုအပတ်မှာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။MIRT(DOBT)
Background