ပြည်တွင်းဈေးကွက်အတွင်း ကုလားပဲလက်ကျန် ပြတ်လုနီးပြီဖြစ်လို့ ပြည်ပ တင်ပို့ဖို့အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် ပင်လယ် ရေကြောင်းက ၉၆ တန်တင်ပို့မှုရှိနေသေးတာ တွေ့ရပါတယ်။ ပဲအသစ်မဝင်မီ ပဲလက်ကျန်နည်းနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်များမှာလည်း အရောင်းအဝယ် ဖြစ်မှု နည်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ကုလားပဲတင်ပို့မှု တန် ၆၄၀ ခန့်ရှိပြီး နိုဝင်ဘာ လမှာ တန် ၉၉၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုဟာ တန်ချိန် ၆၅၂၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၅ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။ MIRT - MAPT
Background