Main menu

Background

မုံရွာကုလားပဲ ပစ္စည်းရှားပေမယ့် ဈေးငြိမ်

Sun, 01/08/2012 - 07:01 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် ၂၀၁၂ ခုနှစ် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ အဝယ်အရောင်း ပုံမှန်ဆက်လက်ဖြစ်နေပြီး၊ နှစ်ကုန်ပေါက်ဈေးမှာပဲ ဆက်လက်တန့်နေတာတွေ့ရပါ တယ်။ ဈေးကွက်ထဲမှာတော့ Export တန်းဝင် V2,  929 နဲ့ တိုင်ပေကုလားပဲတွေကို ဝယ်လိုအားများပေမယ့်ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆိုပါတယ်။ ပဲအများ စုမှာ လက်ရှိဝယ်လက်အနေနဲ့ ပြည်တွင်းသုံးနဲ့ ဒေသသုံးသာဖြစ်လို့ ဈေးအခုလို ငြိမ်နေတာဖြစ်တယ်လို့ ကုန်သည်တစ်ချို့ကပြောပါတယ်။ ယခုတစ်ပတ်မှာ ဖြစ်ပေါ် ခဲ့တဲ့ ပေါက်ဈေးတွေကတော့ ကုလားပဲရိုးရိုးတစ်တင်း ၁၅၇၀၀ ကျပ်၊ တိုင်ပေ ၁၆၇၀၀ ကျပ်၊ V2   ၁၇၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၇၃၀၀ ကျပ် အသီးသီးပေါက်ခဲ့ ကြပြီး၊ နှစ်ကုန် ပေါက်ဈေးထက် တစ်တင်း ၅၀၀ ကျပ်ခန့်သာ ဈေးပိုရခဲ့တာတွေ့ရ ပါတယ်။ အရောင်းအဝယ်အားဖြင့် ကုလားပဲမျိုးစုံ တစ်ရက် အိတ် ၃၀၀ ခန့်သာ ရှိတယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။                            ထွန်းလှိုင်