Main menu

Background

မြေထောက်ပဲနဲ့အတူ အခြားပဲတင်ပို့ရောင်းဝယ်မှု သွက်လာ

Sun, 01/08/2012 - 07:04 -- Anonymous (not verified)

    ယခုတစ်ပတ်မှာ မြေထောက်ပဲ၊ ထောပတ်ပဲနဲ့ အခြားပဲများ ပြည်ပတင်ပို့မှု ပိုမိုလာသလို အရောင်းအဝယ်ဖြစ်မှုလည်း များလာခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ တစ်ပတ်အတွင်း ပြည်ပတင်ပို့မှုအနေနဲ့ မြေထောက်ပဲ တန် ၁၈၀ ကျော်ကို ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနဲ့ ဖိလစ်ပိုင်ကို တင်ပို့ပြီး တရုတ်နိုင်ငံကို ထောပတ်ပဲ ၄၈ တန်၊ စင်ကာပူကို ပဲယင်း ၇၅ တန်၊ စင်ကာပူကို ပဲကြီး ၇၂ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ ၆၃ တန် အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါတယ်။    FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ မြေထောက်ပဲ ၁၅၁ တန်၊ ထောပတ်ပဲ ၁၆၇ တန်နဲ့ အခြားပဲ စုစုပေါင်း ၁၄၈ တန် အသီးသီးရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းပဲအသစ်တွေ ဝင်လာတော့မှာဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း အရောင်းအဝယ် သွက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးများ အနေနဲ့ ဇန်နဝါရီလ ၆ ရက်မှာ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ နဲ့ ပဲထောပတ်မှာလည်း ကန်ဒေါ်လာ ၇၃၀-၇၅၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT