ပြည်ကြက်သွန်နီဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီ ၃၅ ပိဿာဝင် အိတ် ၁၀၀၀ ခန့် ရက်ခြားသာအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို ၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်သလို ပြည်ပွဲရုံများ ရှိ လက်ကျန်အဟောင်းများလည်း ရောင်းပန်းမလှတော့တဲ့အတွက် ကြက်သွန်နီ အသစ်များ ဈေးကွက်ရောက်တာနဲ့တစ်ပြိုင်တည်း လက်လီ၊ လက်ကားရောင်းဝယ် သူများမှ ဝယ်ယူလျက်ရှိပါတယ်။ ပြည်ဈေးကွက်ကြက်သွန်နီဈေးနှုန်းများမှာ တစ် ပိဿာ အသစ် (ရှယ်) ၆၀၀ ကျပ်၊ အကြီး ၅၀၀ ကျပ်၊ အလတ် ၄၀၀ ကျပ်၊ အသေး ၃၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်
Background