ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း နတ်မောက်ဘက်မှ ပိဿာ ၂၀ ဝင်အိတ်၁၈၀ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ် ချင်း မှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများ၊ လက်လီလက်ကား ရောင်းဝယ်သူများနဲ့သာ ပုံမှန်ရောင်းဝယ်မှုရှိပါတယ်။ ပြည်ဈေးကွက်ငရုတ်ခြောက် ဈေးမှာတစ်ပိဿာ အရှည် ၃၂၀၀ ကျပ်၊မိုးထောင် ၂၃၀၀ ကျပ်၊အပွ ၄၀၀၀ ကျပ် တို့ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ အိတ် ၅၀-၆၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
Background