Main menu

Background

ရှမ်းနနွင်းလည်း ခပ်အေးအေး

Sun, 01/08/2012 - 07:11 -- Anonymous (not verified)

    နနွင်းအရောင်းအဝယ်က ဈေးကွက်ထဲမှာအေးနေတဲ့အတွက် အဝင်နည်းနေပါတယ်။ အရောင်းအဝယ် အေးတဲ့အတွက် ဈေးကွက်အတွင်း စမ်းဝင်နေတဲ့သဘောပဲရှိတယ်လို့ သိရှိရပါတယ်။ နနွင်းအစိုတစ်ပိဿာ ၇၀ ကျပ်ဝန်းကျင်ရှိပြီး၊ အခြောက် တစ်ပိဿာ ၆၀၀ ကျပ်ဈေးရှိပါတယ်။ နနွင်းတူးဖော်ချိန်ဖြစ်ပေမဲ့ ချင်းလိုပဲ တောင်သူများက ဈေးကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အချို့တူးဖော်ပြီးသား တောင်သူများကတော့ ဈေးကွက်သို့မပို့သေးဘဲ ဒီအတိုင်းပုံထားကြတယ်လို့ သိရပါတယ်။ အရောင်းအေးတဲ့အတွက် ပြည်တွင်း စားသုံးမှု အတွက်သာ အရောင်းဖြစ်ပြီး၊ ဆင်တောင်နနွင်းက ဒီတစ်ပတ်မှာ တစ်ပိဿာ ၁၀၀၀ ကျပ်ဝန်းကျင် ဈေးရှိတယ်လို့ သိရပါတယ်။ SYH