Main menu

Background

ချက်ချင်းတင်ပို့ဖို့ ဝယ်လိုအားရှိလို့ အိန္ဒိယနနွင်းဈေးတက်လာ

Sun, 01/08/2012 - 07:12 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ချက်ချင်းတင်ပို့ဖို့ ကုန်သည်များအမှာအော်ဒါရရှိတာကြောင့် ဇန်နဝါရီလ ၄ ရက် နနွင်း လက်ငင်းဈေး ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၈)မြင့်တက်ခဲ့ပါတယ်။ နနွင်း ၃၀-၄၅ တန် အမှာအော်ဒါ ရရှိတဲ့ ကုန်သည်များဟာ ချက်ချင်းတင်ပို့ဖု့ိ ဈေးပိုပေးဝယ်ယူကြတယ်လို့ ဆိုပါတယ်။ အရည်အသွေးကောင်း နနွင်းအပြင် ပြည်တွင်းလိုအပ်ချက်အတွက် အခြားနနွင်းများကိုလည်း ဝယ်ယူကြတယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌမစ္စတာ အာကေဗွီရာဗီရှန်ကာက ပြော ကြားပါတယ်။    တစ်ရက်အတွင်း နနွင်းဟောင်း အိတ် ၈၅၀၀ ဝင်ရောက်တဲ့အနက် ၇၀ ရာခိုင်နှုန်းရောင်းချရတယ်လို့ ဆိုပါတယ်။ အရည်အသွေးကောင်းတာကြောင့် စပ်မျိုးနနွင်းဈေးလည်း တစ်တန် ရူပီး ၂၅၀၀-၃၀၀၀(ကန်ဒေါ်လာ ၄၇-၅၆)မြင့်တက်ပြီး စပ်နနွင်းအားလုံး ရောင်းချရတယ်လို့ ဆိုပါတယ်။    နိုင်ငံမြောက်ပိုင်းမှ ကုန်သည်အများစုဟာ ဖေဖော်ဝါရီ ပထမပတ် သို့မဟုတ် ဒုတိယပတ်မှာ ဝင်ရောက်မယ့် နနွင်းသစ်ကို ဈေးချဝယ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ နနွင်းသစ် အလုံးအရင်းနဲ့ ဝင်ရောက်မှာဖြစ်လို့ ဈေးကျဆင်း ဖွယ်ရှိတယ်လို့လည်း မစ္စတာရာဗီရှန်ကာမှ ပြောကြားခဲ့ပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၄၅၆၀-၄၆၂၀၀(ကန်ဒေါ်လာ ၆၅၃-၈၇၂)၊ နနွင်းဥတစ်တန် ရူပီး ၃၂၉၉၀-၄၂၀၉၀ (ကန်ဒေါ်လာ ၆၂၂-၇၉၄)ဈေးရှိကြောင်း သိရ ပါတယ်။ယမင်းခင်၊Source: hindubusiness line