ဓာတ်မြေသြဇာ အဝင်နည်း ဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း ပြည်တွင်းကို ဓာတ်မြေသြဇာတန်ချိန် ၇၃၇ ဒသမ ၅၄ ၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ တစ်သိန်းခုနစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်း ခဲ့တဲ့ဓာတ်မြေသြဇာတွေက တရုတ်နိုင်ငံမှ ARMO မြေသြဇာ ၁၂ ဒသမ ၅၅ တန်၊ FOLIAR မြေသြဇာ တန်ချိန် ၂၄ ဒသမ ၉၉၊ ARROW မြေသြဇာ တန်ချိန် ၄၅၀ နဲ့ ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၄၅၀ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့် ကိုးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် နှစ်ဆကျော်လောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဒီဇင်ဘာလရဲ့ ဓာတ်မြေသြဇာအဝင် စုစု ပေါင်းမှာ တန်ချိန် လေးထောင့်ရှစ်ရာကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့ ဓာတ်မြေသြဇာ အဝင်က စုစုပေါင်းတန်ချိန် ခြောက်ထောင့်လေးရာကျော်ရှိခဲ့တာကြောင့် ဒီဇင်ဘာ လမှာ နိုဝင်ဘာလထက် တန်ချိန် တစ်ထောင့်ငါးရာကျော်လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလမှာ ဓာတ်မြေသြဇာ အဝင်နည်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ဓာတ်မြေသြဇာ တန် ၉၆၀၀ ကျော် အသွင်းရှိ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉ သန်းကျော် တန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၉၆၀၀ ကျော်ကို မူဆယ်နဲ့ ရိဒ်နယ်စပ်တို့မှ အသွင်းရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ၁ ဒသမ ၈၄၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၄၄၁ တန်နဲ့ ရိဒ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၅၈ သန်း တန်ဖိုးရှိ ဓါတ်မြေသြဇာ ၁၆၁ တန်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးသွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ တီစူပါဖော့စဖိတ်၊ နိုက်တြိတ်ပိုတက်ရှ်၊ ကွန်ပေါင်း ၁၅း၅း၅၊ ၁၃းရး၅ နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ ဖြစ်ပါ တယ်။ ရိဒ်နယ်စပ်ကနေတော့ ပိုတက်ရှ်နဲ့ ယူရီးယားတို့ တင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပုံမှန်ဈေးကွက်လေးနဲ့ အပြောင်းအလဲမရှိတဲ့ ဓာတ်မြေသြဇာ မော်လမြိုင်ေ် ဈးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ ဆိုပါတယ်။ ဆိုင်မှာရှိတဲ့ လက်ကျန်တွေကိုဘဲ လျှော့ဈေးနဲ့ ရောင်းနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ လျှော့ရောင်းထားတဲ့ဈေးနဲ့ပဲ ဒီတစ်ပတ်မှာ လည်း ဆက်လက်ရောင်းချနေတယ်လို့ ဆိုင်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅က ၃၄၅၀၀ ကျပ်၊ ကွန်ပေါင်း(ပန်း ရောင်)က ၃၁၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း-တရုတ်)က ၂၈၀၀၀ ကျပ်၊ တီစူပါ ၄၆ ရာခိုင်နှုန်း (မြား-တရုတ်)က ၂၇၀၀၀ ကျပ်နဲ့ တီစူပါ ၁၆ ရာခိုင်နှုန်း (မြှားကမ္ဘာ-တရုတ်)က ၁၃၀၀၀ ကျပ်ဈေးတွေဖြစ်တယ်လို့ သိရ ပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်မြေသြဇာဈေးတွေမှာ ယူရီးယားမြေသြဇာဈေးက ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးမြင့်ပြီး ကျန်ဓာတ်မြေသြဇာတွေက ဈေးအနည်းငယ် ကျဆင်းတယ်လို့ သိရပါတယ်။ ယူရီးယား-ပုလဲ ကမ္ဘာလုံး၊ (တရုတ်) က ၂၀၅၀၀ ကျပ်၊ ပန်းဖူးတရုတ် ၂၂၀၀၀ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) က ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၂ ရာခိုင်နှုန်း (တရုတ်)က ၉၀၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင်နှုန်းက ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၅၀၀၀ ကျပ်ဈေးနဲ့ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ကျပ်နဲ့ ပိုတက် (တရုတ်) ၂၇၀၀၀ ကျပ်ဈေးရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ် ဓာတ်မြေသြဇာအရောင်းပဲ ပုံမှန်ပဲရှိတယ် လို့ဆိုပါတယ်။ ဈေးကလည်း အပြောင်းအလဲမရှိကြောင်း ဓာတ်မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီတစ်ပတ်ဖြစ်ပေါ်နေတဲ့ ဓာတ်မြေသြဇာ ဈေးတွေက မြားကမ္ဘာ-တရုတ် (၁၂း၁၃ အပြာ) က ၁၆၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၂၆၀၀ ကျပ်၊ တီစူပါ (မျှားနီ-တရုတ်) က ၂၄၃၀၀ ကျပ်၊ တောင်သူမ က ၁၅၃၀၀ ကျပ်နဲ့ ပိုတက်က ၂၉၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဖြစ်ပေါ်နေတဲ့ ဈေးတွေက ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ (GTSP 46 %တရုတ်) က ၂၂၃၀၀ ကျပ်၊ တီစူပါ (GTSP 16 %တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP 12 %တရုတ်) ၈၇၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅) တရုတ်က ၂၄၀၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ကျပ်ဈေး ဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်ဖြစ်ပေါ်နေတဲ့ ဈေးတွေက ယူရီးယား- (ရွှေတောင်၊ နေရွက်လှေ) တရုတ်က ၂၀၈၀၀ ကျပ်၊ ယူရီးယား (ကမ္ဘာလုံး-တရုတ်) က ၂၀၆၀၀ ကျပ်၊ တီစူပါသံကွင်းက ၂၄၀၀၀ ကျပ်၊ ပိုတက်(ကနေဒါ)က ၂၈၀၀၀ ကျပ်၊ ပိုတက်(ထိုင်း)က ၃၆၅၀၀ ကျပ်၊ ကွန်ပေါင်း(ထိုင်း)က ၃၇၀၀၀ ကျပ်၊ ကွန် ပေါင်း ၁၆း၁၆း၈(မြင်းပျံ-ထိုင်း) က ၃၂၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅(အမ်တ ရုတ်) က ၁၇၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၅း၁၅း၁၅(အမ်စီ-တရုတ်) က ၃၃၃၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ MIRT (DOT)
Background
