နို့ဆီအဝင်နား၊ နို့စိမ်းတစ်မျိုးသာ တင်သွင်း ပြည်တွင်းကို ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်တာကာလအတွင်း နို့စိမ်းတန် ချိန် ၁၃၁ ဒသမ ၁၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ကို တင်သွင်းခဲ့ပါတယ်။ အပတ် စဉ်တင်သွင်းနေကြ နို့ဆီက ဒီတစ်ပတ်မှာ အဝင်နားခဲ့ပါတယ်။ ယခင်တစ်ပတ် တန်ချိန်ငါးရာကျော် တင်သွင်းခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှာ တန်ချိန် တော် တော်လေးလျော့နည်းပြီး တင်သွင်းခဲ့ ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဒီဇင် ဘာလမှာ နို့ဆီအဝင်စုစုပေါင်းမှာ တန် ချိန် ငါးရာ့သုံးဆယ်ရှိခဲ့ပြီး နိုဝင်ဘာလ မှာ တန်ချိန် တစ်ထောင့်တစ်ရာကျော် ရှိခဲ့တာကြောင့် ဒီဇင်ဘာလမှာ နို့ဆီက အဝင်အားလျော့ခဲ့ပါတယ်။ နို့စိမ်းက ဒီဇင်ဘာလမှာ အဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၂၄ ဒသမ ၄၀ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်တန်ချိန် ကိုးဆယ်တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်သုံးဆယ်ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီနို့စိမ်းသာ အသွင်းရှိ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ကန် ဒေါ်လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ နို့ဆီ ၁၉ ဒသမ ၇၂ တန် (၁၀၄၀ တာ)၊ ကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်း တန်ဖိုးရှိ နို့စိမ်း ၄၀ ဒသမ ၂၉ တန် (၂၁၂၅ တာ)ကို ကော့ သောင်းနယ်စပ်မှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီနို့စိမ်း တင်သွင်းမှု မရှိခဲ့ဘဲ ယခုအပတ်မှာ အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၇၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
Background
