Main menu

Background

ဂျပန်ဝယ်လိုအားကောင်းနေလို့ နှမ်းတင်ပို့မှု အရှိန်တက်

Sun, 01/08/2012 - 07:32 -- Anonymous (not verified)

ဂျပန်က ဝယ်လိုအားကောင်းနေလို့ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် အရှိန်တက်လာနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဒီဇင်ဘာ ၂၆-၃၀) အတွင်းမှာတော့တန်ချိန် ၂၀၀၀ နားနီးလာခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဖြစ်ပြီး ဂျပန်တစ်နိုင်ငံထဲကိုတန်ချိန် ၁၆၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ဒီဇင်ဘာလ တစ်လလုံး နှမ်းတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်ရှိပြီး နိုဝင်ဘာလအတွင်းမှာ တန်ချိန် ၈၆၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၀ ဒီဇင်ဘာလအတွင်း နှမ်းရောင်စုံ တန် ၄၀၀၀ ခန့် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလမှစတင်ပြီး ပြောင်းလဲမှုမရှိ ငြိမ်နေကြောင်းသိရပါတယ်။MIRT - MAPT