မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ်ဇန်နဝါရီလ ၃ ရက်အထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇၁၈ သန်း တန်ဖိုးရှိ နှမ်းဖြူ ၁၄၂၁ တန်၊ ကန်ဒေါ်လာ ၁ဒသမ ၇၃၄ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၉၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၉ သန်း တန်ဖိုးရှိ နှမ်းဖြူအခွံချွတ်၁၅၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ မူဆယ်နယ်စပ်မှ နှမ်းတင်ပို့နိုင်မှုများကို ကြည့်မယ်ဆိုလျှင် နှမ်းဖြူ ၄၄၁၅တန်ကျော်၊ နှမ်းနက် ၄၅၈၅ တန်ခန့်၊ နှမ်းဖြူအခွံချွတ် ၁၀၃၄ တန်ခန့်၊ နှမ်းညို ၇၁ တန်ကျော်နဲ့ နှမ်းနီ တန် ၃၀ အပို့ရှိခဲ့တယ်လို့သိရပါတယ်။မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါ နှမ်းဈေးများ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေတာတွေ့ရပါ တယ်။ မိမိဘက်မှာနှမ်းဖြူ၁ တန် ၉၉၅၂၁၁ ကျပ်နဲ့ နှမ်းနက် ၁ တန် ၁၁၇၃၀၃၄ ကျပ် ပေါက်ပြီး တစ်ဘက်နိုင်ငံမှာ နှမ်းဖြူ ၁ တန် ၁၂၆၅ ဒေါ်လာနဲ့နှမ်းနက် ၁ တန် ၁၄၇၀ ဒေါ်လာ ဈေးရလျက်ရှိပါတယ်။MIRT (DOBT)
Background