Main menu

Background

ဆောင်းမြေပဲအသစ်များ ပြည်ဈေးကွက်သို့ စတင်ခြေချလာပြီ

Sun, 01/08/2012 - 07:45 -- Anonymous (not verified)

ယခုချိန်မှာ ဆောင်းမြေပဲများ စတင်ပေါ်နေပြီဖြစ်သဖြင့် ရွှေတောင်ဘက်မှ မြေပဲတောင့်များ ပြည်ဈေးကွက်သို့ စတင်ခြေချလာပြီဖြစ်ပါတယ်။အစိုဓာတ်များရှိနေသေးသဖြင့် ပွဲရုံများကို မရောက်သေးပေမဲ့ ဈေးများမှာ အတောင့်တစ်ပြည် ၅၀၀ ကျပ်နဲ့ရောင်းချနေတာတွေ့ရပါတယ်။ မိုးမြေပဲဆံများကို အောင်လံဘက်မှ တစ်နေ့အိတ် ၁၀၀၀ ခန့် ဝင်ရောက်လာပြီး၊ ရန်ကုန်ဆီစက်နဲ့ပြည်ဆီစက်များမှ အဝယ်ရှိသော်လည်း ဈေးမှာယခင်အပတ်အတိုင်းငြိမ်နေတာတွေ့ရပါတယ်။ ဆီဆံတစ်ပိဿာ ၁၄၂၅ ကျပ်၊လုံးဆံတစ်ပိဿာ ၁၆၅၀ ကျပ်နဲ့ တစ်နေ့ အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ဝေေ၀မင်း