Main menu

Background

တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှု တန် ၈၅၀ ကျော်ရှိ

Sun, 01/08/2012 - 08:01 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းတန်ဖိုးရှိ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်း ၈၅၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ အေးခဲအမဲသား တင်ပို့မှုမှာ တန် ၁၇၀ ခန့် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် တင်ပို့နိုင်မှုတွေ က တော့ မူဆယ်မှ အေးခဲအမဲသား ၄၅၉ တန်ကျော် နဲ့ ကျွဲနွားသားရေဆားနယ်အစို ၂၅၅ တန်ခန့်၊ ချင်းရွှေဟော်မှ အေးခဲအမဲသား တန် ၁၃၀ ကျော်၊ အေးခဲအရွတ် ၆ တန်ခန့်၊ အေးခဲအမြီး သုည ဒသမ ၃၈ တန်နဲ့ အေးခဲနွားသိုးချောင်း ၁ တန်တို့ ဖြစ်ပါတယ်။MIRT (DOBT)