Main menu

Background

နယ်စပ်မှ ရေထွက်ကုန် ကန်ဒေါ်လာ ၃ သန်းနီးပါးဖိုး အပို့ရှိ

Sun, 01/08/2012 - 08:05 -- Anonymous (not verified)

    နယ်စပ်မှ ယခုအပတ်မှာ ရေထွက်ကုန် ၈၈၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၉၅၂ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း တန်ဖိုးရှိ ငါးရှဉ့် ၁၃၅ တန်ခန့်၊ ကန်ဒေါ် လာ သုည ဒသမ ၅၉၄ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၂၁၂ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၄၈၇ သန်းတန်ဖိုးရှိ ရေချိုငါး ၃၆၆ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၄၅၀ သန်းတန်ဖိုးရှိ ကဏန်း ၁၃၉ တန်ခန့်၊ ကန်ဒေါ်လာသုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂၇ တန်ခန့်၊ ကန်ဒေါ်လာသုည ဒသမ ၀၇၉ သန်းတန်ဖိုးရှိ ပုစွန် ၇ ဒသမ ၈၂၃ တန်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဘီလားသုညဒသမ ၀၉ တန်၊ ကန်ဒေါ်လာသုညဒသမ ၅၁၉ သန်းတန်ဖိုးရှိ ကင်းမွန်ခြောက်သေး ၂၂၉ တန်၊ ငါးကုန်း ညိုခြောက် ၁၈ တန်ကျော်၊ ငါးနီတူခြောက် ၃ တန်နဲ့ ပုစွန် ခြောက် ၃၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု တွေကတော့ မူဆယ်မှ ရေငန်ငါးမျိုးစုံ၊ ငါးရှဉ့်၊ ကဏန်း၊ ကင်းမွန်ခြောက်သေးနဲ့ ပုစွန်ခြောက်၊ ချင်းရွှေဟော်မှ ငါးရှဉ့်၊ မြဝတီမှ ကဏန်း၊ ငါးမျိုးစုံ၊ ပုစွန်၊ ဘီလား၊ စစ်တွေမှ ရေချိုငါး၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်နဲ့ မောင်တောမှ ရေငန် ပုစွန်များ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)