Main menu

Background

ရော်ဘာဈေးကျသော်လည်း တာယာထုတ်လုပ်ရေးများ အခိုက်အတန့်သာ သက်သာခွင့်ရ

Sun, 01/08/2012 - 08:19 -- Anonymous (not verified)

    လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ရော်ဘာဈေးနှုန်းကျခဲ့တာဟာ တာယာထုတ်လုပ်ရေးတွေအတွက် မင်္ဂလာတစ်ပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ရူပီးဈေးနှုန်း ကျဆင်းလာတာကြောင့် သွင်းကုန်ဈေးမြင့်တက်ခဲ့ပြီး ကုန်ကြမ်းဈေးကျခြင်းရဲ့ အကျိုး ရလဒ်ကလည်း အကန့်အသတ်နဲ့ဖြစ်သွားပါတယ်။ ရော်ဘာဈေးနှုန်းက ဧပြီလမှာ တစ်ကီလိုကို ရူပီး ၂၄၀ ရှိရာကနေ ၂၀၀ ကို ကျဆင်းခဲ့ပါတယ်။ တာယာထုတ်လုပ်ရေးတွေရဲ့ စုစုပေါင်းကုန်ကြမ်း စရိတ်မှာ ရော်ဘာက ၄၄ ရာခိုင်နှုန်းလောက် ပါဝင်ကြောင်းသိရပါတယ်။ တာယာကုမ္ပဏီတွေက ရော်ဘာ တင်သွင်းရပြီး ရူပီးဈေးကျတာကြောင့် အထိနာဆဲပဲဖြစ်တယ်လို့ သုတေသီများက ပြောကြားပါတယ်။ တာယာလုပ်ငန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းက ရော်ဘာအပါအဝင် ကုန်ကြမ်းတွေကို တင်သွင်း နေရတာကြောင့် ရူပီးဈေးကျတဲ့အခါ သွင်းကုန်ဈေးတက်တာနဲ့ ရင်ဆိုင်နေရပါတယ်။ အပိုလိုတာယာကတော့ ၂၀၁၁ တတိယ သုံးလပတ်ကတည်းက အလားအလာကောင်းတွေ မျှော်လင့်ထားပေမယ့် ဖိအားနဲရင်ဆိုင်ရဆဲဖြစ်ကြောင်း၊ ရော်ဘာ တစ်ကီလို လွန်ခဲ့တဲ့၂ နှစ်က ရူပီး ၁၁၀ သာရှိခဲ့တာမို့ ဈေးကြီးနေသေးကြောင်း အပိုလိုမှ အုပ်ချုပ်မှုဒါရိုက်တာကပြောကြားခဲ့ပါတယ်။     ၂၀၁၁ ဇူလိုင်မှ စက်တင်ဘာလအတွင်းမှာ ကုန်ကြမ်းစရိတ် တစ်နှစ်ထက်တစ်နှစ် ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်သွား ကြောင်း၊ အခြားတာယာထုတ်လုပ်ရေးတွေလည်း ကုန်ကြမ်းဈေးနှုန်းတွေ မြင့်တက်သွားကြောင်းနဲ့ အပိုလိုတာယာက အမြတ်ပိုမို ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဖိအားများစွာလည်း ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါတယ်။ ၂၀၁၀ - ၂၀၁၁ မှာ ကားရောင်းချရနှုန်းတွေက ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝယ်လိုအားတွေ တက်လာတာကြောင့် တာယာထုတ်လုပ်ရေးတွေရဲ့ စွမ်းအားကိုလည်း တိုးချဲ့ခဲ့ရပါတယ်။ ဒါ့ပေမယ့် ရေနံဈေးတက်ပြီး ချေးငွေအတိုးနှုန်းမြင့်တာကြောင့် မော်တော်ကားရောင်းချရနှုန်းကို ထိခိုက်ခဲ့ပါတယ်။ ဒီလိုကားအရောင်းထိခိုက်တာက တာယာထုတ်လုပ်ရေးတွေကို တဖန်ပြန် လည် ထိခိုက်စေလျက်ရှိပါတယ်။ စီးပွားရေးလုပ်ငန်းသုံး ကားအရောင်းပုံမှန်ရှိပေမယ့် ဈေးကွက်ဝယ်လိုအား ကျတာကြောင့် တာယာအရောင်း နှေးကွေးဆဲဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။ အိန္ဒိယမြောက်ပိုင်းနဲ့ အနောက် ပိုင်းမှာရှိတဲ့ ဇိမ်ခံကားနဲ့ ထရပ်ကားတာယာ ရောင်းသူများကတော့ အလတ်စားနဲ့အကြီးစား စီးပွားရေးလုပ်ငန်းသုံး ကားတာယာ အရောင်း ကျပေမယ့် ၂ ဘီးယာဉ်နဲ့ အသေးစားကားတာယာတွေ အရောင်းကတော့ မဆိုးလှ ကြောင်းပြောပါတယ်။ တာယာ အရောင်းအဝယ်သမားများကတော့ ၂၀၁၁ - ၂၀၁၂ မှာ အရောင်း ၁၀ ရာခိုင်နှုန်း ကျဆင်းမယ်လို့ မှန်းထားကြပါတယ်။ အိန္ဒိယရဲ့ တာယာထုတ်လုပ်ရေးက တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း တိုးတက်တယ်လို့ မော်တော်ကား တာယာ ထုတ်လုပ်သူများအသင်း (ATMA)ရဲ့ စာရင်းအရ သိရပေမယ့် အရောင်းကျလို့ ထုတ်လုပ်မှုပါကျနေတာလို့ သိရပါတယ်။ ၂၀၁၁ နောက်ဆုံး သုံးလမှာ ဈေးမတက်ဘဲ ရောင်းချသူများကို လျှော့ဈေးနဲ့ပေးခဲ့ကြောင်း သုတေသီများကပြောပါတယ်။ MRF နဲ့ Ceatအမျိုးအစားက ၀ ဒသမ ၅ ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်း၊ အပိုလို၊JK၊ ဂွတ်ရီးယားက ၀ ဒသမ ၅ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း ဈေးလျှော့ပေးခဲ့ပြီး ဧပြီလကတည်းက JK နဲ့Ceat တာယာဈေးလျှော့ခဲ့တာ ၃၃ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်း ဆီရှိကြောင်း သိရပါတယ်။                                      Source: Money Contral. Com,MIRT(DOBT)