ကမ္ဘာ့စတုတ္ထအကြီးဆုံး သဘာဝရော်ဘာတင်ပို့သူဖြစ်တဲ့ ဗီယက်နမ်က လွန်ခဲ့တဲ့ ၂၀၁၁ မှာ ရော်ဘာတင်သွင်းမှု မြင့်တက်ခဲ့ တယ်လို့ အကောက်ခွန်စာရင်းများအရ သိရပါတယ်။ ၂၀၁၀ တုန်းကလည်း အရှေ့တောင်အာရှနိုင်ငံတွေကနေ တင်သွင်းမှု ၁၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ၂၀၁၁ ခုနှစ် ရော်ဘာ တင်သွင်းမှု စာရင်းဇယားကို ဖော်ထုတ်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ဗီယက်နမ်အရှေ့တောင်ပိုင်းဒေသတွေကနေ အများဆုံး ရော်ဘာထုတ်လုပ်ပေမယ့် ထိုင်း၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားကနေ ပြည်တွင်းသုံးစွဲမှုနဲ့ တစ်ဆင့်ပြန်လည်တင်ပို့ဖို့ ဝယ်ယူနေရ ကြောင်း သိရပါတယ်။ တရုတ်က ဗီယက်နမ်ရဲ့ အကြီးဆုံးဝယ်လက်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းခန့်ကို ဝယ်ယူပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ မှာတော့ ဗီယက်နမ်ရဲ့ အထွက်နှုန်းက ၂၀၁၀ ထက် ၈ ရာခိုင်နှုန်းခန့် တိုးခဲ့ပြီး (၈၁၁၆၀၀) တန် ထွက်ရှိကာ ပို့ကုန်တင်ပို့မှုလည်း ၄ ဒသမ ၃ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း အစိုးရရဲ့ စာရင်းများအရ သိရပါတယ်။၂၀၁၂ အတွက် ဗီယက်နမ်ရော်ဘာ အသင်းက ပို့ကုန်စီမံချက်ရေးဆွဲထားပေးမှုမှာ ထုတ်လုပ်မှုတန်ချိန် ၈ သိန်းခန့်သာရှိနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ က ပြော ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source:Rubber Market News ,K.Z.W
Background