မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၂၄ သန်း တန်ဖိုး ရှိ ပြောင်းဖူးစေ့ ၁၇၉၄၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅၈၉၄ တန် ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေ ကတော့ မူဆယ်မှ ၁၅၈၆၇ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ၂၀၇၄ ဒသမ ၃၈ တန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့ချင်းရွှေဟော်တို့မှယခင်အပတ်ကပို့တာထက်လျော့နည်းခဲ့တဲ့အပြင် ကန်ပိုက်တီးနယ်စပ်မှ လမ်းတံတား အခြေအနေကြောင့် တင်ပို့မှုမရှိခဲ့ခြင်းတွေဟာ ယခုအပတ်နယ်စပ်မှ ပြောင်းအပို့သိသိသာသာ လျော့နည်းစေတာ ဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးမပြောင်းလဲဘူးလို့ သိရပါတယ်။ မိမိဘက် ပြောင်းဖူးစေ့ တစ်တန် ၂၃၁၁၀၅ ကျပ်နဲ့ ရွှေလီမှာ ၁ တန်ကို ၃၀၅ ဒေါ်လာ ဈေး ပေါက်နေပါတယ်။MIRT (DOBT)
Background