Main menu

Background

တအိအိပြောင်းအပို့ကျနေတဲ့ ပင်လယ်ရေကြောင်း

Sun, 01/08/2012 - 08:22 -- Anonymous (not verified)

    ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိကာလတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၃ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၃ သန်းကို ဗီယက်နမ်နဲ့ အင်ဒို နီးရှားကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ နီးပါး တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၂၄၀နဲ့ အင်ဒိုနီးရှားကို ၃၅၃ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်ကတော့ တန်ချိန် ၁၈၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၂၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ FOB  (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ရှိကြောင်း သိရပါတယ်။K.Z.W