Main menu

Background

သကြားအရောင်း ကန့်သတ်ပမာဏ နည်းမှုကြောင့် လာမည့်နှစ်တွင် သကြားဈေးနှုန်း မြင့်တက်နိုင်

Sun, 01/08/2012 - 08:25 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာသကြားဈေးနှုန်းတွေ တည်ငြိမ်နေခဲ့ပေမဲ့လည်း လာမယ့်ဇန်နဝါ ရီလအတွက် သကြားအရောင်းကန့်သတ်ပမာဏ(quota)က နည်းသွားတာကြောင့် သကြားဈေးနှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းရတယ်။ ယခုလမှာ အိန္ဒိယနိုင်ငံ စား သောက်ကုန်ဝန်ကြီးဌာနက ဈေးကွက်မှာ သကြားတန်ချိန် ၁၄ သိန်းကိုရောင်းချခွင့် ပြုခဲ့ပြီးတန်ချိန် ၁ သိန်းကို ကိုတာသတ် မှတ်ကာ သိုလှောင်ထားစေခဲ့ပြီး ပြည်သူပိုင် ဖြန့်ဖြူးရေးစနစ်မှတစ်ဆင့် တန်ချိန် ၂ ဒသမ ၁၆ သိန်းကိုရောင်းချပေးခဲ့တယ်။    လာမယ့်ရက်သတ္တပတ်မှာ သကြားဈေးကွက်က ဝယ်လိုအားတိုးတက်မှု အခြေ အနေတွေကို မြင်တွေ့ရကြောင်း လက်ကား ရောင်းချသူမှ ခန့်မှန်းလိုက်တယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ သကြားစက်ရုံ ၁၇ ရုံနီးပါးက သကြားအိတ်ပေါင်း ၅၅ယ၀၀၀ မှ ၆၀ယ၀၀၀ ကြားကို တင်ဒါခေါ်ခဲ့ပြီး S-grade  အမျိုးအစားကို တစ်ကွမ်တယ်ကို ရူပီး ၂၇၇၀ မှ ၂၈၃၀ ကြားနဲ့လည်းကောင်း၊ M-grade အမျိုးအစားကို တစ်ကွမ် တယ်ကို ရူပီး ၂၈၆၀ မှ ၂၉၃၀ ကြားနဲ့လည်းကောင်း ကမ်းလှမ်းခဲ့ကြောင်း သတင်း ရရှိတယ်။    အေးမွန်မွန်လှိုင်၊Source: www.thehindubusinessline.com