Main menu

Background

ဘရာဇီးနိုင်ငံထွက်ရှိမှု အလားအလာကြောင့် စက်တင်ဘာလနောက်ပိုင်း သကြားဈေး အများဆုံးကျဆင်းလာ

Sun, 01/08/2012 - 08:26 -- Anonymous (not verified)

    ကမ္ဘာမှာ သကြားအများဆုံးထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ကြံသီးနှံအတွက် ရာသီဥတုတိုးတက်ကောင်းမွန်တဲ့ အခြေအနေနဲ့ ဒေါ်လာတန်ဖိုးခိုင်မာခြင်းက ရင်းနှီးမြှုပ်နှံသူများ ကုန်စည်ဝယ်ယူမှုကို လျော့ကျစေတဲ့ အခြေအနေတွေကြောင့် စက်တင်ဘာလ ထဲက သကြားဈေးဟာ အများဆုံးကို ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ထိပ် တန်းသကြားထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံအလယ်ပိုင်းမှာ နောက်၁၀ရက်အတွင်း မိုးရွာသွန်းမှာဖြစ်လို့ အစောပိုင်းမိုးခေါင်ခြောက်သွေ့မှုကြောင့် ယခုနှစ်ထွက်ရှိမှု ကျဆင်းနိုင်တဲ့ စိုးရိမ်မှုတွေကို သက်သာရာရစေနိုင်မှာဖြစ်ပါတယ်။    နယူးယောက် ICE  Futures  မှာ ဇန်နဝါရီ ၅ ရက် မတ်လပို့ရမယ့် သကြား ကြမ်းဈေးဟာ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းလို့ တစ်ပေါင်ကန်ဒေါ်လာ၂၃ ဒသမ ၁၃ ဆင့်(တစ်တန်ကန်ဒေါ်လာ ၅၁၀)ရှိလို့ စက်တင်ဘာလ နောက်ပိုင်း အကြီးမား ဆုံးကျဆင်းခဲ့ပါတယ်။ အာရှနဲ့ ဥရောပမှာ ကြံသီးနှံတိုးချဲ့လာကြလို့ ၂၀၁၁ အတွင်း သကြားဈေးဟာ ၂၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဥရောပကြွေးမြီ အကျပ်အတည်း အပေါ်စိုးရိမ်မှုများကြောင့် ကုန်စည် ၂၄ မျိုးဈေးကျဆင်းတဲ့အနက် သကြားဈေး မှာ အများဆုံးကျဆင်းခဲ့တာဖြစ်ပါတယ်။     အမေရိကန်မှာ အီသနောထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့သီတင်းပတ်မှာ စည်ပေါင်း ၉၆၃၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ စွမ်းအင်ဌာနအစီရင်ခံစာအရ သိရပါ တယ်။ အဲဒီလိုအီသနောထုတ်လုပ်မှုပိုမိုလာခြင်းဟာ ဘရာဇီးက သကြားအခြေခံ လောင်စာဆီ တင်သွင်းလိုအပ်ချက် နည်းလာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ  St. Paul  Minnesota  က ပြောကြားပါတယ်။  ယမင်းခင်၊Source: Bloomberg