Main menu

Background

အိမ်ခြံမြေဈေးကွက် မတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတို့ အခက်တွေ့လာ

Sun, 01/08/2012 - 09:00 -- Anonymous (not verified)

           ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းကာလနှင့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကာလများတွင် အိမ်ခြံမြေဈေးကွက်သည် တစ်မဟုတ် ချင်း မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ် နှံလိုသူတို့မှာ အခက်အခဲများနှင့် ရင် ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ယခုအခါ   အိမ်ခြံမြေဈေးကွက်  မှာ တည်ငြိမ်လာခဲ့သော်လည်း ဈေးမှာ ကျသွားခြင်းမရှိဘဲ  အတက်ဖြင့်သာ ငြိမ်နေခြင်းကြောင့်  အခက်တွေ့နေရ ခြင်းဖြစ်ကြောင်း လှိုင်သာယာစက်မှု ဇုန်တွင် မြေကွက်လိုက်လံရှာဖွေနေသူ တစ်ဦး၏ပြောပြချက်အရ သိရသည်။"ကျွန်တော်က ဒီလှိုင်သာယာမှာ ဂိုဒေါင်ဆောက်ဖို့ မြေတစ်ဧကလောက် လိုချင်လို့ လိုက်ရှာတာ။ အခုဆိုရင် မြေ တစ်ဧကကို ကျပ်သိန်း ၃၅၀၀တဲ့။ မြေ ဈေးနဲ့တင် ပက်လက်လန်နေပြီ။ ကျွန် တော့်လိုပဲ ကျွန်တော့်သူငယ်ချင်းတွေ မိတ်ဆွေတွေလည်း ဒီမြေဈေးကြောင့် အလုပ်လုပ်ရတာ ကသိကအောက်တွေ ဖြစ်နေကြတာ။ ဒီပုံမျိုးနဲ့ဆိုရင် နိုင်ငံခြား ကလာမယ့် ရင်းနှီးမြှုပ်နှံသူတွေတော့ မြေဈေးကို စုံစမ်းလိုက်တာနဲ့တင် လာ မှာ မဟုတ်တော့ဘူး"ဟု ပြောသည်။ယခင်က  ရွှေပြည်သာစက်မှုဇုန် တွင် မြေတစ်ဧကလျှင် ကျပ်သိန်း၂၅၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ်သိန်းပေါင်း ၄၀၀၀နှင့် ၅၀၀၀ကြားတွင်ရှိကြောင်း သိရသည်။ ရွှေပြည်သာစက်မှုဇုန်၏ ဇုန်(၂၊၃၊၄)တို့တွင် တစ်ဧက ကျပ်သိန်း ပေါင်း ၃၅၀၀အထိ ဈေးရှိခဲ့ကြောင်း သိ ရသည်။လှိုင်သာယာစက်မှုဇုန်တွင် ဇုန် ၆  နှင့် ၇ တို့တွင် တစ်ဧကကျပ်သိန်းပေါင်း ၄၀၀၀မှ၅၀၀၀ကျော်အထိကြိုက်ရောင်း ကြိုက်ဝယ်ဈေးဖြစ်နေကြောင်း ရှန်ဟိုင်း လုံ  အိမ်ခြံမြေရောင်းဝယ်ရေးမှပြောပြ ချက်များအရ သိရသည်။သီလဝါ စက်မှုဇုန်တွင်လည်း မြေ အကွက်များမဖော်ရသေးမီကွင်းပြင်ကြီး အားတစ်ဧကကျော်(၁.၈၃၇ဧက)လျှင်  ကျပ်သိန်းပေါင်း ၂၄၀၀/ ၂၅၀၀အထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရ သည်။ယခုလက်ရှိအခြေအနေတွင် စက် မှုဇုန်မြေကွက်များမှာ အရောင်းစာရင်း တင်ထားသူများပြီး အဝယ်မလိုက်ခြင်း ကြောင့်ဈေးအနည်းငယ်ကျနေကြောင်း အောင်သမာဓိအိမ်ခြံမြေရောင်းဝယ်ရေး မှပြောသည်။မယ်သီတာ