Main menu

Background

မန္တလေးမြို့သစ်မြေကွက်များ ဈေးကွက်အေးပြီး မြို့တွင်း ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 01/08/2012 - 09:02 -- Anonymous (not verified)

မန္တလေးမြို့သစ်မြေကွက်မှာ အရောင်းအဝယ်သွက်ခဲ့တဲ့ အက္ခရာနှစ်လုံးဆင့် အကွက်များမှာ ဒီဇင်ဘာလဆန်းမှစပြီး ဈေးကွက်အေးလျက်ရှိပါတယ်။ လိုအပ်တဲ့ သူများသာ ဝယ်ယူမှုရှိပြီး၊ မြေဝင်ကစားသူများနားလျက်ရှိခြင်း ကြောင့် လက်ငုပ်ဈေး နဲ့သာ အရောင်းအဝယ်ရှိနေပြီး၊ ဈေးနှုန်းမှာ အမြင့်ဆုံးဈေးများဖြစ်ပြီး ဈေးတန့်နေ ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဝါရင့်မြေအကျိုးတော်ဆောင်တစ်ဦးက " မြေဈေးကွက်အေးနေတာ တစ်လခွဲ လောက်ရှိပြီ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ ဝယ်လက်တစ်ဦးစ၊ နှစ်ဦးစ လာဝယ်တာ ရှိတယ်။ ဈေးကွက်အေးပေမယ့် ဈေးကမကျဘူး။ အရင်လောက် တစ်အားမဖြစ် တာပဲရှိတယ်။ သူ့ဝယ်လက်နဲ့သူတော့ အရောင်းအဝယ်ရှိနေတယ်။ လက်ငုပ် ဈေးနဲ့ပဲဝယ်နေရတာပေါ့။ ပြီးခဲ့တဲ့ နှစ်လဝန်းကျင်လောက်ကဆို အရောင်းအဝယ် သွက်တော့ ဈေးကတက်ပြီးရင်း တက်နေတာ တရုတ်နှစ်သစ်ကူးပြီးရင် ဈေးကွက် ပြန်ကောင်းနိုင်တယ်ခန့်မှန်းတယ်။ တရုတ်နိုင်ငံမှာလည်း အိမ်ခြံမြေ ဈေးကျနေလို့ ဒီဘက်မှာပါ လျော့တာဆက်စပ်နေပါတယ်"လို့ ပြောပါတယ်။လတ်တလောမှာ လူနေထိုင်ဖို့အတွက် မဟာမြိုင်ရပ်ကွက်နဲ့ မြို့တွင်းပိုင်းမှာ ဝယ်ယူမှုများရှိနေကြောင်း သိရပါတယ်။ မြို့တွင်းပိုင်းနဲ့ မြို့သစ်လူနေထူထပ်တဲ့ မြေကွက်များမှာ ကျပ်သိန်း ၂၀၀၀ ရှိအကွက်ကို ကျပ်သိန်း ၂၃၀ နဲ့ ဈေးမြင့်ပြီး၊ ပေးဝယ်ရကြောင်း သိရပါတယ်။ မြေရင်းနှီးမြှုပ်နံှသူများမှာ ကျောက်မျက်ရတနာပွဲ ကို စိတ်ဝင်စားနေခြင်းကြောင့် ကျောက်မျက်ပွဲအပြီးနဲ့ တရုတ်နှစ်သစ်ကူးပွဲအပြီးမှာ ဈေးကွက်ပြန်ကောင်းနိုင်ကြောင်း မြေအကျိုးဆောင်များထံမှ သိရပါတယ်။ ဇူးဇူး