Main menu

Background

ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်း

Sun, 01/08/2012 - 09:06 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်နေတာကြောင့် အိမ် ဆောက်ပစ္စည်း၊ သံလုံးသံပြားဈေးကွက်မှာ ယခင် ၂၀၁၁ နှစ်ကုန်ပိုင်းမှာ သံလုံးတစ်တန်ကို ၃ မူးလုံး ၅၄၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်၊ ၃ မတ်လုံး ၅၆၀၀၀၀ ကျပ်မှ ၅၇၀၀၀၀ ကျပ်ထိ ၁၀၀၀၀ ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ အိမ်ဆောက်ခြင်း၊ တိုက်တာစီမံကိန်းများ ဆောက်လုပ်မှုများပြားနေခြင်းကြောင့် လည်းကောင်း၊ သံလုံး သယ်ယူပို့ဆောင် ခများ ဈေးမြင့်ခြင်းကြောင့်လည်းကောင်း ဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘိလပ်မြေဈေးကွက်မှာလည်း ပြည်တွင်းထုတ်ဘိလပ်မြေဈေးနှုန်း သိသိသာသာပြောင်းလဲခြင်းမရှိပေမဲ့ ပြည်ပမှတင်သွင်းသော စိန် (ထိုင်း)၊ ဆင် (ထိုင်း)၊ ထိုင်းဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်ကို ကျပ် ၁၅၀ မှ ၂၀၀ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။     မင်းလွင်