ကမ္ဘာ့လူဦးရေတိုးနှုန်းက ၂၀၅၀ ပြည့်နှစ်မှာ ၉ ဘီလီယံအထိ ရောက်ရှိနိုင်တာကြောင့် တရုတ်ကဲ့သို့သော အဓိကနိုင်ငံကြီးတွေက အုပ်ချုပ်သူတွေဟာ တိုးပွားလာမဲ့လူများရဲ့ စားသုံးမှုအတွက် စိုးရိမ် မှုကြီးထွားနေကြောင်း သိရပါတယ်။ လက်ရှိကာလမှာ အစားအစာ ဈေးနှုန်းတွေမြင့်တက်ပြီး ကမ္ဘာ့ စီးပွားရေးတွေ ပြဿနာတွေကလည်း ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရဲ့ အစိုးရတွေကို သောကပွားစေပြီး ရေရှည်ဆောင်ရွက်ရမယ့် ဆင်းရဲမှု လျှော့ချရေးနဲ့ လူမှုရေးတည်ငြိမ်ဖို့အတွက် အနှောင့်အယှက်တွေ လည်း ကြုံတွေ့နေရကြောင်း သုတေသီတွေက ပြောပါတယ်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ အကျိုးကို ၂၀၁၁ နှစ်စမှစပြီး ခံစားရကာ ကမ္ဘာ့အစားအစာညွှန်းကိန်းက အမြင့်ဆုံး အမှတ်ကို ရောက်ရှိသွားကြောင်း ကုလသမဂ္ဂအစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ အစည်း (USDA) က ဖော်ပြထားပါတယ်။ တရုတ်ကတော့ အဓိက ပြဿနာ နှစ်ခုဖြစ်တဲ့ မြေနေရာလျော့ပါးလာခြင်းနဲ့ လူဦးရေ တိုးလာ ခြင်းတို့ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ယခုအချိန်မှာ တရုတ်က အစားအစာလိုအပ်ချက်ကို သွင်း ကုန်တင်သွင်းခြင်းနဲ့ ဖြည့်ဆည်းနေပြီး ပဲပုပ်အဓိကတင်သွင်းတဲ့ နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၀ မှာ ပဲပုပ်တန်ချိန် ၅၄ ဒသမ ၈ သန်းခန့်တင်သွင်းခဲ့ပါတယ်။ ၂၀၁၁ မှာ တရုတ်နိုင်ငံရဲ့ ပျမ်းမျှ တစ်ဦးချင်း ဆီစားသုံးမှုက ၁၈ ဒသမ ၃ ကီလိုရှိပြီး ၂၀၀၁ ခုနှစ် မှာတော့ ၁၁ ကီလိုဂရမ်သာရှိခဲ့ကာ လာမယ့် ၁၀ နှစ် ၁၅ နှစ်မှာ တော့ ၂၃ ကီလိုဂရမ်ခန့် စားသုံးနိုင်ကြောင်း ဖွံ့ဖြိုးမှုသုတေသန ဗဟိုဌာနမှသုတေသီတစ်ဦးက ပြောကြားပါတယ်။ တရုတ်နိုင်ငံရဲ့ သီးနှံထွက်ရှိမှုက တန်ချိန် ၅၇၁ သန်းခန့်ရှိကြောင်း အမျိုးသားစာရင်း ဗျူရိုရဲ့ ပြောကြားချက်များအရ သိရပါတယ်။မြောက်ပိုင်းဒေသမှာ စိုက်ပျိုးနိုင်တဲ့ မြေနေရာတော်တော် များများရှိပေမယ့် ရေသုံးစွဲမှုအတွက်တော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ မြို့ရွာတွေချဲ့ထွင်မှုကြောင့် တစ်နေ့ထက်တစ်နေ့ စိုက် ပျိုးနိုင်တဲ့ မြေနေရာနည်းပါးတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေ နဲ့ အစားအစာလိုအပ်ချက်အားလုံးအတွက် စိုက်ပျိုးဖို့မဖြစ်နိုင်တော့ တာကြောင့် ကမ္ဘာ့အဓိကအစားအစာထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ နီးနီး ကပ်ကပ်ဆက်ဆံဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပိုမိုတိုးမြှင့် ကုန်သွယ်မယ်လို့ တရုတ်က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၃ ကစပြီး အာဂျင်တီးနားကနေ ပြောင်းတင်သွင်းမယ်လို့ သတင်းရရှိ ပါတယ်။Source: Commodiy online K.Z.W
Background
