Main menu

Background

ကုလားပဲဖြူလုံးကြီး

Sun, 01/08/2012 - 09:19 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ ပိဿာ          ၁၀၅၀    ၁၀၅၀               ၂    မန္တလေး         ၁ ပိဿာ           ၈၇၃      ၉၂၆         ၃    မုံရွာ             ၁ ပိဿာ            ၈၉၅      ၉၂၁        ၄    မြင်းခြံ           ၁ ပိဿာ            ၈၀၀     ၈၀၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက်နဲ့ ခွဲစက်များဝယ်အားပုံမှန်ရှိပေမယ့် ပစ္စည်းလက်ကျန်နည်းနေ    မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အ တွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည် တချို့ထဲမှ ငွေပြန်ပေါ်လို သော ကုန်သည်အချို့သာ ထုတ်ရောင်းမှုတွေရှိနေတယ်လို့ ဆိုပါ တယ်။ ပဲကိုဝယ်လက်တွေက ဝယ်လိုအားရှိနေတယ်။ ဒါပေမဲ့ လှောင် လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီလို့ မြို့ခံကုန်သည်တစ်ဦး က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန်ကို ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်သာ ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးက ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ဒေသတွင်းခွဲစက် တွေနဲ့ ရန်ကုန်ဝယ်လက်အချို့က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားတာကြောင့် အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။