Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Sun, 01/08/2012 - 09:30 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)        စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ  ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ    ၈၆၂     ၈၈၀                ၂    မကွေး            ၁ ပိဿာ    ၈၄၅     ၈၅၅         ၃    ပခုက္ကူ            ၁ ပိဿာ      ၈၄၀    ၈၅၀        ၄    မုံရွာ              ၁ ပိဿာ      ၈၅၀    ၈၉၅        ၅    အောင်လံ        ၁ ပိဿာ      ၈၄၀    ၈၅၀        ၆    မြင်းခြံ           ၁ ပိဿာ      ၈၄၀     ၈၅၀    ၇    ပြည်            ၁ ပိဿာ      ၈၅၀     ၈၆၅    ၈    ရေစကြို        ၁ ပိဿာ      ၈၂၅     ၈၄၅  ထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်တွေ ဝယ်အားပုံမှန်ရှိ    မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံခွဲစက်တွေက ပစ္စည်း ဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်) နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မကွေးဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅၅ ကျပ် နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။  အောင်လံဈေးကွက်မှာ ကုလားပဲကို ခွဲစက်သမားများနဲ့ ရန်ကုန် ဝယ်လက်အချို့က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ရေစကြိုဈေးကွက်မှာတော့ ကုလားပဲကို မြို့ခံခွဲ စက်တွေနဲ့ အမှုန့်ကြိတ်စက်များက ဝယ်အားခပ်ပါးပါးသာရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ်(တစ် တန်ကို ၅၁၇၄၉၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀ မှ ၁၀၀ ကြားသာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက် မှာ ကုလားပဲကို မြို့ခံခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ လက်လီသမားများက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။