ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၉၅ ၈၆၈ ၂ မန္တလေး ၁ ပိဿာ ၈၅၃ ၈၈၉ ၃ ပြည် ၁ ပိဿာ ၇၄၀ ၇၅၅ ၄ မကွေး ၁ ပိဿာ ၇၉၀ ၇၉၀ ၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၂၅ ၆ ပခုက္ကူ ၁ ပိဿာ ၇၃၆ ၇၃၆ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးရော အသေး ပါ မန္တလေး-ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက ပဲတီစိမ်းကြီး တစ်ပိဿာ ၈၆၈ ကျပ်(တစ်တန်ကို ၅၃၁၅၅၄ ကျပ်)(အသေး)တစ်ပိဿာ ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၈၂၅ ကျပ် (တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၅၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင် နည်းပေမယ့် ရန်ကုန်အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၅၅ ကျပ်(တစ်တန်ကို ၄၆၂၃၅၄ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
Background