Main menu

Background

အမေရိကန်ဒေါ်လာ ဈေးငြိမ်နေပြီး အက်ဖ်အီးစီဈေးကွက် လှုပ်ခတ်လာ

Sun, 01/08/2012 - 09:40 -- Anonymous (not verified)

အမေရိကန်ဒေါ်လာဈေးကွက်က ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ငြိမ် သက်နေခဲ့ပြီး အက်ဖ်အီးစီဈေးကွက်မှာ  လှုပ်ခတ်လာခဲ့သည်ကို တွေ့ရှိရသည်။ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့၏ ငွေလဲနှုန်းထား များမှာတူညီနေသော်လည်း ပြင်ပဈေးကွက်တွင်မူ ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာထက် အက်ဖ်အီးစီလဲလှယ်နှုန်းက အနည်းငယ်မြင့်တက်လာသည်ကို တွေ့ ရသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ မော်တော်ယာဉ်ဝယ်ယူသူများသည် ကညနအခွန်ကို အက်ဖ်အီးစီဖြင့် ပေးဆောင်ရသည့်အတွက် အက်ဖ်အီးစီမှာ မူလကထက် အဝယ် လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း ပြင်ပငွေလဲလှယ်ရေးဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။"ဒီတစ်ပတ်မှာတော့ တော်တော်ကိုထူးခြားတယ်လို့ပြောလို့ရတယ်။ အမေ ရိကန်ဒေါ်လာဈေးက မဆိုစလောက်လေးပဲတက်တာ အက်ဖ်အီးစီဈေးနဲ့ ဒေါ်လာ ဈေးက ရောင်းဈေးမှာ ရောဝယ်ဈေးမှာပါ  သိသိသာသာကို မြင့်တက်လာတာ။ ဒေါ်လာထက် အက်ဖ်အီးစီကမြင့်နေတာ။ အဲဒါက အခုဆိုရင်ကားဝယ်တဲ့သူတွေက ကညနမှာ လိုင်စင်ဝင်ရင် လိုင်စင်ကြေးကို အက်ဖ်အီးစီနဲ့ဆောင်ရတယ်လေ။ အဲဒီ တော့ အက်ဖ်အီးစီက အဝယ်လိုက်လာပြီး ဝယ်ဈေးတွေမြင့်ကုန်တာပေါ့"ဟု သုံးသပ် ပြောဆိုခဲ့သည်။ အမေရိကန်ဒေါ်လာဈေးမှာ တစ်ပတ်အတွင်း စင်တာဈေးနှုန်းများမှာ ၈၂၀ ကျပ်ဖြင့် တည်ငြိမ်နေခဲ့သည်။ ပြင်ပဈေးကွက်တွင်မူ အမေရိကန် ဒေါ်လာဈေး (ရောင်းဈေး)မှာ ဇန်နဝါရီ ၂ရက်က ၈၀၅ ကျပ်ရှိခဲ့ပြီး ဇန်နဝါရီ ၆ရက် ဈေးပိတ် ချိန်တွင် ၈၀၈ ကျပ်သို့တက်လာခဲ့သည်။ ဝယ်ဈေးမှာ ဇန်နဝါရီ ၂ရက်က ၈၀၅ ကျပ်ရှိပြီး ဇန်နဝါရီ ၆ ရက်တွင် ၈၀၇ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။အက်ဖ်အီးစီ၏ ငွေလဲနှုန်းမှာ ဇန်နဝါရီ ၂ရက်က ရောင်းဈေး ၈၀၅  ကျပ် ရှိခဲ့ပြီး ဝယ်ဈေးမှာ ၈၀၂ ကျပ်ရှိခဲ့သော်လည်း ဇန်နဝါရီ ၆ ရက် ဈေးပိတ်ချိန်တွင် ရောင်းဈေး ၈၁၇ ကျပ်နှင့် ဝယ်ဈေး ၈၁၀ ကျပ်သို့ တက်သွားခဲ့သည်ကို တွေ့ရှိရ သည်။ ထိုနေ့က အမေရိကန်ဒေါ်လာ၏ပြင်ပဝယ်ဈေးမှာ ၈၀၅ ကျပ်သာရှိခဲ့သည်။ပို့ကုန်ဝင်ငွေဈေးနှုန်းမှာ ဇန်နဝါရီ  ၂ရက် ဈေးဖွင့်ချိန်တွင် ၈၃၉ ကျပ်ရှိခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် ၈၄၅ ကျပ်အထိ တက်လာခဲ့သည်။ အဆိုပါဈေးမှာ ပြီးခဲ့သည့် အပတ် ဈေးပိတ်ချိန်တွင်ရှိခဲ့သည့်ဈေးနှုန်းဖြစ်ကြောင်းသိရသည်။MTD, KM2O