Main menu

Background

အီးယူဒေသအပေါ် စိုးရိမ်ပူပန်မှုများကြောင့် လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကန်ဒေါ်လာကို ဝယ်လိုအားများနေ

Sun, 01/08/2012 - 09:42 -- Anonymous (not verified)

၂၀၁၂ ခုနှစ် ပထမဆုံး ကုန်သွယ်မှု စတင်တဲ့  ဇန်နဝါရီ ၂ ရက်မှာ အာရှ စတော့တန်ဖိုးတွေ ကျဆင်းသွားတယ်။ ဥရောပဒေသကြွေးမြီ အကျပ်အတည်း က ၂၀၁၂ ခုနှစ်မှာလည်း ဆက်လက်ရှိ နေဆဲဖြစ်ရာ  ကမ္ဘာ့စီးပွားရေးနာလန် ထူလာမှုအပေါ်စိုးရိမ်မှုကို ဆက်လက် ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ယူရိုငွေနဲ့ တောင်ကိုရီးယား ဝမ်တန်ဖိုးတွေ အား နည်းလာတယ်။ဂျပန်၊ အင်္ဂလန်နဲ့ အမေရိကန်ရှိ ငွေ ကြေးဈေးကွက်တွေ အားလပ်ရက်ကာ လအဖြစ်  ပိတ်ပင်ထားဆဲဖြစ်တယ်လို့ သိရတယ်။ တောင်ကိုရီးယားက ကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ တစ်ဒေါ်လာ ကို ၁၁၅၅ ဒသမ ၈၆ ဝမ်အထိ ကျ ဆင်းသွားတယ်။ ယူရိုငွေကလည်း ကန် ဒေါ်လာနဲ့လဲလှယ်ရာမှာ  တစ်ယူရိုကို သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ ၁ ဒသမ ၂၉၄၁ ဒေါ်လာဖြစ်လာတယ် လို့သိရတယ်။ ၂၀၁၂ ခုနှစ်မှာ တောင် ကိုရီးယားရဲ့ ပို့ကုန်တင်ပို့မှု နှေးကွေး နိုင်သလို  စင်ကာပူရဲ့ စီးပွားရေးတိုး တက်မှုကလည်း ၂၀၁၁ ခုနှစ်က ခန့် မှန်းထားတဲ့နှုန်းထက် လျော့နည်းသွား ဖွယ်ရှိတယ်လိ့ု သက်ဆိုင်ရာအစိုးရတွေ ကဇန်နဝါရီ ၁ရက်မှာ ကြေညာခဲ့တယ်။ဥရောပဒေသ ကုန်ထုတ်လုပ်မှုက လည်း ငါးလဆက်တိုက် ကျုံ့သွားတယ် လို့သိရတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၃၀ ရက်က ယူရိုငွေက ယန်းငွေနဲ့ လဲ လှယ်ရာမှာ တစ်ယူရိုကို  ယန်း ၁၀၀ အောက်ကို ရောက်ရှိသွားရာ ၂၀၀၁ ခုနှစ်  ဇွန်လနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့သိရတယ်။ အီးယူ ဒေသအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် လက်ရှိမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကန်ဒေါ်လာကို  ဝယ်လိုအားများနေ တယ်လို့ သိရတယ်။Source:Bloomberg.com,  ပပ