အင်္ဂလန်နိုင်ငံအခြေစိုက်United Registrar of Systems (URS-UK) မှ ISO 9001-2008 နဲ့ ISO 22000:2005 လက်မှတ်များ ထုတ် ပေးခြင်းအတွက် URS-U ကိုယ်စား Asia Pacific Inspection Agency မှ လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်း အနားကို ရွှေပြည်သာစက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ် မဟော်ဂနီလမ်းရှိ မြို့မဆင်ဖြူတော်စက်ရုံမှာ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှာ ကျင်းပခဲ့တယ် လို့ သတင်းရရှိပါတယ်။ မြို့မဆင်ဖြူ တော် အဆင့်မြင့်စားသောက်ကုန်ထုတ် လုပ်ဖြန့်ဖြူးရေးကို ၁၉၇၁ ခုနှစ်က စတင်ထူထောင်ခဲ့တယ်လို့ သိရပါ တယ်။ မိဘ လက်ငုပ်လက်ရင်း အိမ် တွင်း စက်မှုလက်မှုလုပ်ငန်းအဆင့်မှ စက်မှုဇုန်များတွင် ထုတ်လုပ်သည့် အဆင့်သို့တိုးတက်လာခြင်းဖြစ်ကြောင်း စားသုံးသူများ အရန်သင့် (Ready Made) ဖြစ်စေရန်နဲ့ ဘေးဥပဒ် ကင်း စင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့မဆင်ဖြူတော် အဆင့် မြင့်စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်း လွင်က ပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ ကျန်းမာရေးဝန်ကြီး ဌာန အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဌာန(FDA) သို့ အဆင့်ဆင့် တင်ပြ လျှောက်ထားပြီး ၤ Fit for Human Consumption Certificate ရရှိရေးအတွက် ကြိုးပမ်းခဲ့ရာ ယခင်က ထုတ်ပေးခဲ့ဖူးခြင်း မရှိခဲ့သော်လည်း ၂၀၀၀ခုနှစ်ကစပြီး မိမိတို့လုပ်ငန်းအနေ နဲ့ရရှိခဲ့ကြောင်း၊ ထိုမှဆက်လက်ပြီး ISO လက်မှတ်ရရှိရေးကိုလည်း ဆက်လက် ကြိုးပမ်းခဲ့ကြောင်း၊ သို့မှသာ 2015 AEC အတွက် အဆင်သင့်ဖြစ်စေမယ် လို့ဆက်လက်ပြောကြားပါတယ်။ ဆက် လက်ပြီး Asia Pacific Inspection Agency (APIA) မှ အုပ်ချုပ်မှုဒါရိုက် တာ ဦးအောင်မိုး (International Organization for Standardization) က ISO Certificate များ ရရှိရေးနဲ့ စပ်လျဉ်းပြီး အကျယ်တဝင့် ရှင်းလင်း ပြောကြားရာမှာ APIA သည် Inspection ကို အဓိကလုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ISO Certificate ရရှိနိုင် ရေးအတွက်လည်း ပြည်ပကျွမ်းကျင် ပညာရှင်များနဲ့ချိတ်ဆက်ပြီး သင်တန်း များပေးခြင်း၊ ပြည်ပ Auditor များရဲ့ စစ်ဆေးမှုခံယူပြီး ISO Certificate ရရှိရေး၊ ဆောင်ရွက်ပေးနေသော အဖွဲ့ ဖြစ်ကြောင်း ပဏာမရှင်းလင်းပြောကြား ပါတယ်။ တစ်နှစ်ကို တစ်ကြိမ် (သို့မ ဟုတ်) နှစ်ကြိမ် Surveillance လာ ရောက်လေ့ရှိပြီး ISO သတ်မှတ်ချက် များနဲ့ ညီညွတ်မှု ရှိ၊ မရှိစိစစ်ပြီး Certificate ကိုထုတ်ပေးပါကြောင်း၊ ယခု မြို့မဆင်ဖြူတော်မှ ထုတ်လုပ်သော ငြုပ်သီးခြောက်၊ ငရုတ်သီးမှုန့်၊ နနွင်း မှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်များ အတွက် Quality Management System ဆိုင်ရာISO 9001: 2008 နှင့် Food Safety Management System ဆိုင်ရာ ISO 22000:2005 များကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အသိအမှတ်ပြု ထုတ်ပေးခဲ့ပြီး သက်တမ်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်အထိ သုံးနှစ်ရှိတယ်လို့ သိရပါ တယ်။ နိုင်ငံအလိုက် ထုတ်ကုန်ပစ္စည်း အလိုက် ISO ၂၄၂ မျိုးရှိတယ်လို့ APIA မှ Managing Director ဦးအောင်မိုးက ပြောကြားခဲ့ပါတယ်။ ၎င်းတို့ APIA အနေနဲ့ ၂၀၀၃ ခုနှစ် ဇွန်လကစပြီး မြန်မာ့ထုတ်ကုန်လုပ်ငန်း ရှင်များအကြား ISO 9001 နှင့် အခြား နိုင်ငံတကာ စံသတ်မှတ်ချက် (ISO 9001 & Other International Standards) များ မိတ်ဆက်ပွဲကို International Business Centre (IBC) မှာ ကျင်းပခဲ့တယ်လို့ သိရပါ တယ်။ ၎င်းတို့ APIA ကုမ္ပဏီအနေနဲ့ ၂၀၀၃ခုနှစ်မှ ယနေ့အထိ စားသောက် ကုန် ရှစ်မျိုး၊ အဖျော်ယမကာ နှစ်မျိုး၊ ပဲမျိုးစုံ တစ်မျိုး၊ အလှကုန် လေးမျိုး၊ လျှပ်စစ်ပစ္စည်း နှစ်မျိုး၊ လူသုံးအိမ်သုံး နှစ်မျိုးနဲ့ လုပ်ငန်းသုံး ဓာတုပစ္စည်းတစ် မျိုးအတွက် ISO 9001 နှင့် HACCP Certificate များ ရရှိရေးအတွက် ဝန် ဆောင်မှုပေးထားပြီးဖြစ်တယ်လို့ APIA မှ ISO အကြံပေး ဦးရဲနောင်က ရှင်း ပြပါတယ်။ ဆင်ဖြူတော် အဆင့်မြင့်စားသောက် ကုန် ထုတ်လုပ်ဖြန့်ဖြူးရေးအနေနဲ့ Polished လုပ်ပြီး နနွင်းကို ဂျပန်သို့ Door to Door စနစ်နဲ့ တင်ပို့နေ ကြောင်း၊ နနွင်း Polished လုပ်ခြင်းကို မန္တလေးစိန်ပန်းစက်မှုဇုန်မှ ထုတ်လုပ် သော ပြည်တွင်းဖြစ်စက်ကို အသုံးပြု ထုတ်လုပ်တယ်လို့ သိရပါတယ်။ ဒါ့ အပြင် နနွင်းကို ကြိတ်ပြီး Crystal အဆင့်အား ဂျပန်နိုင်ငံ Okinawa ကျွန်းသို့တင်ပို့နေသည်မှာ အနှစ် ၂၀ ကျော်ပြီဖြစ်ကြောင်း ဂျပန်များအနေနဲ့ မြန်မာ့ပျားရည်နဲ့ ရောနယ်၊ အမယ်တစ် မျိုးထပ်ဖြည့်ပြီး မြန်မာ့မိုးပြဲဒယ်နဲ့ ပေါင်း ကာ ဆေးပြားရိုက်ပြီး လက်ဖက်ခြောက် အကြမ်းခြောက်ကဲ့သို့ ရေနွေးကြမ်း ဖောက်စားသုံးကြတယ်လို့ သိရကြောင်း ဦးသန်းလွင်က ပြောပြပါတယ်။ မြို့မ ဆင်ဖြူတော်အနေနဲ့ ပြင်ဦးလွင်မှာ သြဂဲနစ်နနွင်းများရရှိရေး ဧက ၁၀၀ ကျော်မှာ ကိုယ်တိုင်စိုက်ပျိုးနေပြီဖြစ် ကြောင်း"ပစ္စည်းအရည်အသွေးကောင်း စေရန်နှင့် သန့်ရှင်းမှုရှိစေရန်" အဓိက ထားလုပ်ဆောင်နေကြောင်း၊ လက်ရှိ မှာ ဂျပန်၊ ထိုင်းနဲ့ မလေးရှားတို့သို့ တင် ပို့နေကြောင်း သိရှိခဲ့ရပါတယ်။ချမ်းမြေ့မောင်
Background
