၂၀၁၂ မှာ ဗီယက်နမ်ဟာ ထိုင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်လာဖွယ်ရှိ

ထိုင်းဆန်ပြည်ပရောင်းဈေးဟာ အလွန်မြင့် လာတာကြောင့် ထိုင်းဆန်တင်ပို့သူတွေက ၂၀၁၂ မှာ ထိုင်းနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုပမာဏ ထက် ဝက်ကျဆင်းသွားမှာကို  စိုးရိမ်နေကြပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် လက်ရှိ  ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ ပြည်ပဆန်တင်ပို့တဲ့ နေရာဟာ ဗီယက်နမ်ဆီကို ပြောင်းရွှေ့ရောက်ရှိသွားနိုင်ပါတယ်။ ထိုင်းဆန် တင်ပို့သူများအသင်းရဲ့ အဆိုအရ ၂၀၁၁ ဒီဇင်ဘာ အစောပိုင်းက ထိုင်းနိုင်ငံဟာ ဆန်တန်ချိန် ၁၀ ဒသမ ၃ သန်းကို ပြည်ပတင်ပိုခဲ့ပြီး၊ မနှစ်ကထက် ၂၉ ဒသမ ၉၄ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပေမယ့် မကြာသေးမီက  ဆန်တင်ပို့မှု  ကျဆင်းနှေးကွေး သွားခဲ့တာကြောင့် စိုးရိမ်နေကြတယ်လို့ သိရပါ တယ်။ မကြာသေးမီက  ထိုင်းနိုင်ငံမှာ  အကြီး အကျယ် ရေလွှမ်းမိုးခဲ့တာကြောင့် နိုင်ငံရဲ့ သို လှောင်ရုံတွေ၊ ကြိတ်ခွဲစက်ရုံတွေရဲ့ ၇၀ ရာခိုင် နှုန်းဟာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကြိတ်ခွဲစက်ရုံတွေဟာ ရေပြန်လည် ကျဆင်းသွားတဲ့နောက်ပိုင်းမှာ လုပ်ငန်းပြန်လည် မလည်ပတ်နိုင်သေးတဲ့ အခြေအနေရှိနေပါတယ်။ အလုပ်ရုံတွေရဲ့ ကြမ်းခင်းတွေ ပုံမှန်အခြေ အနေ ရောက်ဖို့ ၂လ၊ ၃လ ကျော်လောက်စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၁ မှာ ဆန် တင်ပို့မှု သိသိသာသာလျော့ကျသွားတဲ့ အဓိက အကြောင်းကတော့ ဈေးနှုန်းယှဉ်ပြိုင်နိုင်ခြင်း မရှိ လို့ပါ။ ထိုင်းလယ်သမားဆီက အမြင့်ဈေးနဲ့ ဆန် ဝယ်ဖို့ကတိပြုထားတဲ့ ထိုင်းအစိုးရက ချမှတ်ခဲ့တဲ့ မူဝါဒအသစ်အရ ထိုင်းဆန်ပြည်ပရောင်း ဈေးဟာ ထိုင်းနိုင်ငံရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ်၊ အိန္ဒိယ နိုင်ငံတွေက ရောင်းတဲ့ဈေးထက် ပိုမြင့်နေလို့ ဖြစ် ပါတယ်။၂၀၁၁ ဒီဇင်ဘာအစောပိုင်းက ထိုင်း ၅မှတ် ဆန်တစ်တန်ကို ၅၉၅ ဒေါ်လာနဲ့ ဈေးခေါ်ရောင်း တဲ့အချိန်မှာ အိန္ဒိယဆန်တင်ပို့သူတွေက ၅ မှတ် ဆန်ကိုပဲ တစ်တန်ကို ၄၅၀-၄၇၀ ဒေါ်လာနဲ့ပဲ ရောင်းချခဲ့ပါတယ်။ ထိုင်းဆန်တင်ပို့ သူများ အသင်းရဲ့ ဥက္ကဋ္ဌ Korbsook  Lansuri  က ၂၀၁၂ မှာ ထိုင်းဆန်တင်ပို့မှုမှာ တန်ချိန်  ၇ သန်းနဲ့ ၇ ဒသမ ၅ သန်းကြားရှိတဲ့အထိ ကျဆင်းသွားနိုင် တယ်လို့ဆိုပါတယ်။ မူဝါဒကြီးကြီးမားမား မပြောင်း လဲဘူးဆိုရင် ထိုင်းနိုင်ငံဟာ ၂၀၁၂ မှာ တန်ချိန် ၅ သန်းလောက်ပဲ ဆန်ပို့နိုင်တော့မယ်လို့ ထိုင်း ဆန်တင်ပို့သူတွေက ထင်နေကြပါတယ်။ လက်ရှိ အချိန်မှာတော့ ဗီယက်နမ်က အိန္ဒိယနဲ့ ပါကစ္စ တန်က ဈေးနိမ့်တဲ့ဆန်နဲ့ ယှဉ်ပြိုင်နေရတဲ့ ပြဿနာ နဲ့ ကြုံနေရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အရည် အသွေးထက် ဈေးနှုန်းချိုသာမှုကို ပိုအလေးထား တဲ့ အာဖရိကလို ဈေးကွက်တွေကိုရဖို့ လမ်းမမြင် ဘူးဖြစ်နေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူ သုတေသီတွေက ဗီယက်နမ်ဆန်က တန်းမြင့်ဆန် ဈေးကွက်မှာ နေရာရဖို့  အခွင့်အလမ်းရှိတယ်လို့ ဆိုပါတယ်။ ဗီယက်နမ် ဆန်အရည်အသွေးက အိန္ဒိယနဲ့ ပါကစ္စတန်ဆန်တွေထက် ပိုမြင့်ပါတယ်။ အိန္ဒိယက လက်ကျန်ဆန်ရောင်းနေတဲ့အချိန်မှာ ဗီယက်နမ်ကဆန်အသစ်ကို ရောင်းပါတယ်။ ဒါ ကြောင့် သေချာတဲ့ဈေးကွက်အချို့မှာ ဗီယက်နမ် နေရာရနိုင်ပါတယ်။အရင်က ဗီယက်နမ်ဟာ တန်းမြင့်ဆန်ဈေး ကွက်မှာ ထိုင်းနဲ့အမြဲ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရ ပါတယ်။ ခုအချိန်မှာတော့ ထိုင်းဆန်ဟာ ယှဉ်ပြိုင် နိုင်စွမ်းလျော့နည်းလာပြီး၊ ဗီယက်နမ်က အဲဒီဈေး ကွက်တွေမှာ တိုးချဲ့သွားဖို့ အခွင့်အရေးရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဗီယက်နမ်ဟာ အင်ဒိုနီး ရှားနဲ့၊ မလေးရှားကို ဈေးကောင်းကောင်းနဲ့ ဆန် တန်ချိန် ၆ သိန်းတင်ပို့ဖို့ စာချုပ်အသစ်တွေ ဆက် တိုက်ချုပ်ဆိုခဲ့ပါတယ်။  ကျွမ်းကျင်သူတွေက ဗီယက်နမ်ဆန်တင်ပို့သူတွေဟာ ၂၀၁၂ ပထမ ပိုင်းလတွေမှာ အခက်အခဲ တွေ့ကောင်းတွေ့နိုင် တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ၂၀၁၂ မှာ ကမ္ဘာ့ဈေးကွက်အတွက် စားနပ်ရိက္ခာပြတ် လပ်တဲ့ အခြေအနေနဲ့ ကြုံရင်တောင် ဗီယက်နမ်က အဲဒီနှစ်မှာ ဆန်တန်ချိန် ၇ သန်းထိ တင်ပို့နိုင်နေ ဦးမှာဖြစ်ပါတယ်။ ထိုင်းဆန်တင်ပို့သူတွေ စိုးရိမ် သလို တကယ်ဖြစ်လာရင် ဗီယက်နမ်ဟာ ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ဖို့ မျှော်လင့်နိုင် ပါတယ်။ ဆက်စပ်တဲ့ သတင်းတွေအရ မဲခေါင် မြစ်ဝကျွန်းပေါ် ဈေးကွက်မှာ ဆန်ဈေးသိသိသာ သာ ကျဆင်းနေပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာ အသင်းရဲ့အဆိုအရ ပြီးခဲ့တဲ့အပတ်ကပုံမှန်ခြောက် သွေ့ဆန်ဈေးဟာ တစ်ကီလိုကို ၆၀၅၀-၆၁၅၀ ဒေါင်ဝန်းကျင်ရှိနေပြီး၊ ဒီဇင်ဘာ ၁ ရက်ကဈေး ထက် တစ်ကီလိုကို ဒေါင် ၉၅၀ ကျဆင်းခဲ့ပါတယ်။ ဆန်လုံးရှည် ဈေးဟာလဲ ဒေါင် ၈၅၀ ကျဆင်းပြီး တစ်ကီလိုကို ၆၂၅၀ ဒေါင် ရှိခဲ့ပါတယ်။ အထူး သဖြင့် ၅ မှတ်ဆန်ကို  ပထမတန်းစားကလည်း ဒေါင် ၁၁၅၀ ကျဆင်းပြီး၊ တစ်ကီလိုကို ၈၂၀၀ ဒေါင်နဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။နှင်းဧကရီ၊ Source:vietnamnet.vn