မန္တလေးရွှေရီကုမ္ပဏီမှ ပန်းဂျုံတစ်တန် ကန်ဒေါ်လာ ၄၅၀ နှုန်းနဲ့ ၄၁ တန်ကို ဂျပန်နိုင်ငံကို တင်ပို့နိုင်ရေး လိုင်စင်လျှောက်ထားမှုအပေါ် သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားကြောင်း သိရပါ တယ်။ မန္တလေး ရွှေရီကုမ္ပဏီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသမှ တောင်သူတွေကို ဂျပန်နိုင်ငံမှ ပန်းဂျုံမျိုးစေ့ကိုပေးပြီး ဧက ၁၀၀၀ မှာ ပူးပေါင်းစိုက်ပျိုးလျက်ရှိတယ်လို့ သိရပါတယ်။ သီးနှံပေါ်ချိန် ပေါက်ဈေးနဲ့ဝယ်ပြီး ဂျပန်နိုင်ငံကို တင်ပို့နေတာ ၆ နှစ်လောက်ရှိပြီလို့ ကုမ္ပဏီဒါရိုက်တာတစ်ဦးမှ ပြောပါတယ်။ မနှစ်ကတော့ တန် ၁၀၀ ခန့် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်လက်ရှိအချိန်မှာတော့ ရိတ်သိမ်းနေဆဲကာလဖြစ်လို့ ပထမအကြိမ်အနေနဲ့ ၄၁ တန်တင်ပို့ဖို့ စီစဉ်ထားကြောင်း၊ ဆက်လက်စုဆောင်းဝယ်ယူပြီး တင်ပို့သွားမှာဖြစ်ကြောင်း လည်း အဆိုပါပုဂ္ဂိုလ်က ဆိုပါတယ်။ လမင်း
Background