မြင်းခြံမြို့တွင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူ ၇၀ ဝန်း ကျင် စက်လည်ပတ်လျက်ရှိကြောင်းသိရပါတယ်။ ဆီစက် များမှ မြေပဲဆီ၊ နှမ်းဆီနဲ့ ပဲပုပ်ဆီ၊ ဝါစေ့ဆီများ ထုတ်လုပ် လျက်ရှိပါတယ်။ ယခုအခါ စားအုန်းဆီအဝင်များခြင်း၊ ပြည်တွင်းဆီဈေးထက် ဈေးနှုန်းနိမ့်၍ စက်မှုဇုန်ရှိဆီစက်လုပ် ငန်းများ စက်လည်ပတ်နှုန်းထက်ဝက်နီးပါး လျော့ကျလာ ကြောင်း သိရပါတယ်။ မြင်းခြံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်အေးက "မြင်းခြံဆီက အရည်အသွေးမြင့်တန်းဝင်တယ်။ မြင်းခြံ ထွက်ဆီကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပဲခူး၊ မော်လမြိုင်၊ ရွှေဘိုမြို့တွေကို ဖြန့်ချိနေတယ်။ ကုန် ကြမ်းကို မြင်းခြံဒေသထွက် မြေပဲ၊ နှမ်းကမလုံလောက်လို့ နွားထိုးကြီး၊ မလှိုင်၊ ပခုက္ကူ၊ မန္တလေး၊ မကွေး၊ တောင်သာ ဒေသဘက်က ဝယ်ကြိတ်ရတယ်။ ခုနောက်ပိုင်းမှာ စားအုန်းဆီ အဝင်များလာတဲ့အတွက် ဆီစက်လည်ပတ်နှုန်း လျော့ကျလာတယ်။ ဆီစက်ပေါင်း ၇၀ က နေ့စဉ်ပေပါ ၄၀၀ လောက် စက်လည်ပတ်မှုရှိတယ်။ စားအုန်းဆီအခြေ အနေကြောင့် လုပ်ငန်းသေးတွေအကြပ်ရိုက်ပြီး တစ်ရက် စက်လည်ပတ်နှုန်းက ပေပါ ၂၀၀ ဝန်းကျင် ဘဲ နေ့စဉ်စက် လည်ပတ်မှုရှိတယ်"လို့ ပြောပါတယ်။ မြင်းခြံကုန်စည်ဒိုင်တွင် ဆီချိန်တွယ်ရာမှာ ၁ ပေပါကို အသားချိန် ၁၁၅ ပိဿာသတ်မှတ်၍ အရောင်း အဝယ် ပြုလုပ်ကြောင်း သိရပါတယ်။ ဆီဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၂၅၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၂၀၀ ကျပ်၊ ၃၃၀၀ ကျပ်ဈေးရှိပြီး စက် လည်အားလျော့ကျခြင်းကြောင့် နေ့စဉ်ပေပါ ၄၀၀ ထွက်ရှိခဲ့ ရာမှ ပေပါ ၂၀၀ လုံးဖြင့်သာ လည်ပတ်မှုရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background