Main menu

Background

ဆမ်ဆောင်းရဲ့ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို တောင်ကိုရီးယား အတည်ပြု

Sun, 01/08/2012 - 11:01 -- Anonymous (not verified)

    တရုတ်နိုင်ငံမှာ စက်ရုံသစ်တစ်ခုတည်ဆောက်ပြီး တဲဘလက်ကွန်ပျူတာတွေနဲ့ စမတ်ဖုန်းတွေမှာအသုံးပြု မဲ့ မင်မိုရီချစ်ပ်တွေထုတ်လုပ်မဲ့ ဆမ်ဆောင်းရဲ့စီမံကိန်းကို တောင်ကိုရီးယားကအတည်ပြုပေးခဲ့ကြောင်း တောင်ကိုရီး ယား နိုင်ငံအသိပညာစီးပွားရေးဝန်ကြီးဌာနက ပြောပါ တယ်။     ယခုကဲ့သို့ အတည်ပြုပြီးနောက်ပိုင်း ဆမ်ဆောင်း ကုမ္ပဏီက စက်ရုံအတွက် မြေနေရာကို ရွေးချယ်ပြီး ၂၀၁၁ ခုနှစ်မှာ ထုတ်လုပ်မှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် တရုတ်အစိုးရထံမှ ခွင့်ပြုချက်တောင်းခံမှာ ဖြစ် ကြောင်း ဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါ တယ်။    မဟာဗျူဟာကျတဲ့ သို့မဟုတ်အရေးကြီးစက်ရုံတွေကို ပြည်ပမှာတည်ဆောက်မယ်ဆိုရင် တောင်ကိုရီးယား စီးပွား ရေးလုပ်ငန်းတွေက အစိုးရရဲ့အတည်ပြုချက် ရယူရပါ တယ်။ NAND  မင်မိုရီချစ်ပ်တွေနဲ့ ပတ်သက်တဲ့ နည်း ပညာကို ပြည်ပကို တင်ပို့နိုင်ဖို့အတွက် ဆမ်ဆောင်းက အစိုးရရဲ့ ခွင့်ပြုချက်ကိုတောင်းခံခဲ့ပါတယ်။ စက်ရုံကိုအပြီး သတ်တည်ဆောက်ပြီးသွားရင် တစ်လကို ၁၂ လက်မ အရွယ်ရှိ ချပ်ရေ ၁၀၀၀၀ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။    တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက်ဆမ်ဆောင်းရဲ့ လိုအပ်ချက်နဲ့ နည်းပညာယိုစိမ့်မှုကိစ္စကို ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၀ ဦးပါတဲ့ နည်းပညာလုံခြုံရေးကော်မတီက ဒီဇင်ဘာလအတွင်း အစည်းအဝေး နှစ်ကြိမ်ထိုင်ခဲ့ပါတယ်။ စက်ရုံသစ်ကကြီးထွားလျက်ရှိနေတဲ့ ဝယ်လိုအားကိုဖြည့် ဆည်းပေးနိုင်လိမ့်မယ်။ မင်မိုရီချစ်ပ် ထုတ်လုပ်ရေး လုပ်ငန်းမှာယှဉ်ပြိုင်နိုင်မှုကို ခိုင်မာအောင်ဆောင်ရွက်ပေး နိုင်လိမ့်မယ်လို့ ဆမ်ဆောင်းရဲ့ မင်မိုရီထုတ်လုပ်ရေး လုပ် ငန်း ဥက္ကဌ ဂျန်ဒေါင်ဆူးကပြောပါတယ်။    တဲဘလက်ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေလို မိုဘိုင်းဖုန်း တွေမှာသုံးတဲ့ ကိရိယာတွေအတွက် ဝယ်လိုအား ကြီးထွား နေတဲ့အတွက် ဖလက်ရှ် မင်မိုရိချစ်ပ်ဈေးကွက်က ကြီးထွား လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ် တတိယ  သုံးလပတ်မှာ DRAM (Dyanmic Random Access Memory ) ကမ္ဘာ့ဈေးကွက်ရဲ့ ၄၅ ရာခိုင်နှုန်းကို ဆမ်ဆောင်းက ရရှိ ထားပါတယ်။Source. AFP