Main menu

Background

ဖွံ့ဖြိုးတိုးတက်ရေးစင်တာများကြောင့် စင်ကာပူရှိကလေးများအတွက် စိုးရိမ်မှုတွေရှိနေ

Sun, 01/08/2012 - 11:01 -- Anonymous (not verified)

    ပညာရေးအခြေခံကောင်းတဲ့ ကလေးများကို ပိုမိုတိုးတက်အောင်ဆောင်ရွက် ပေးသည့်အတွက် ကလေးသူငယ်များကိုအထောက်အကူပေးရေး ဈေးကွက်က တိုး တက်လျက်ရှိပါတယ်။ သို့သော် အသက် ၆ နှစ်အရွယ်သာ ရှိသေးသောကလေးများကို ဖွံ့ဖြိုးရေးစင်တာများက ဝင်ခွင့်စစ်ဆေးမှုများပြုလုပ်နေတဲ့အတွက် အချို့ သောမိဘများ အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီလိုစစ်ဆေးမှုတွေက မိဘများအတွက် စိတ်ဖိစီးမှု ကို ဖြစ်စေတဲ့အပြင် အသက်ငယ်ရွယ်စဉ်များကလေးငယ်များ၏ ယုံကြည်မှုကို ထိခိုက် စေနိုင်တယ်လို့TODAY  အေဂျင်စီက တွေ့ဆုံမေးမြန်းခဲ့တဲ့ လေ့လာသူတွေက ပြော ကြားပါတယ်။    ဘဏ္ဍာရေးမန်နေဂျာ ဗွီအန်းရဲ့ခြောက်နှစ်သားကလေးက လူသိများပြီးနာမည်ကြီး တဲ့ ဖွံ့ဖြိုးရေးစင်တာ တစ်ခုကပြုလုပ်တဲ့ ဝင်ခွင့်စမ်းသပ်ချက်ကိုကျရှုံးခဲ့ပါတယ်။ ယခု အခါတခြားစင်တာတစ်ခုကို ဝင်ရောက်ဖို့ပြင်ဆင်နေပါတယ်။ သူတို့ရဲ့ စစ်ဆေးမှုက ရယ်စရာကောင်းတယ်။ ဘယ်မူလတန်းကျောင်းကို တက်မှာလည်းဆိုတဲ့ မေးခွန်းမျိုးပင် ပါဝင်ကြောင်း အန်းကပြောပါတယ်။ ဒီမူကြိုကျောင်းတွေကို ဝင်ခွင့်ရဖို့ ခက်တဲ့အပြင် ကုန်ကျစရိတ်ကလည်းကြီးမားလွန်းလို့အတော်ကိုစိတ်ဖိစီးမှုများကြောင်းပြောပြပါတယ်။ နိုဝင်ဘာလကစစ်ဆေးတဲ့ ဝင်ခွင့်စမ်း သပ်မှုကိုမအောင်မြင်လို့ မူကြိုအဆင့် ၂ ကိုတက် မဲ့ သူသားငယ်အတွက် ဝင်ခွင့်မရခဲ့ဘူးလို့ တခြားမိခင်တစ်ဦး ဖြစ်တဲ့ မစ္စက်ဆရင်းတန် က ပြောပါတယ်။    ဖွံ့ဖြိုးရေးစင်တာတွေက ပညာရေးအခြေခံကောင်းတဲ့သူတွေကိုသာ ပိုမိုကောင်း အောင် ပြုလုပ်ပေးနေတဲ့အတွက် ဒီစင်တာတွေရဲ့ စိတ်ဓာတ်ရေးရာမြှင့်တင်မှုကို သံသယရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးတစ်ဦး ကပြောပါတယ်။    "ဒီအသက်အရွယ်ကလေးတွေကို ဘက်စုံဝင်ခွင့်စစ်ဆေးတာမျိုးတွေ လုပ်နေတာ ဟာ အမြီးအမောက် မတည့်လှဘူးလို့ ထင်ပါတယ်။ အခုမှ မူကြို ၂ သာရှိသေးတဲ့ ကျွန်မကလေးက စာလုံးပေါင်းနဲ့ သဒ္ဒါမှာ ညံ့နေတယ်လို့စင်တာကပြောပါတယ်" လို့ တန်က ပြောပါတယ်။    စင်ကာပူက ဖွံ့ဖြိုးရေးစင်တာတွေက မူကြို၊ မူလတန်းနဲ့ အလယ်တန်းကလေးတွေ ကိုဝင်ခွင့်စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ စစ်ဆေးချိန်က နာရီဝက်ကနေတစ်နာရီခွဲ အထိရှိတတ်ပါတယ်။ ဥပမာ မူကြို ၂ စာမေးပွဲတွေမှာ သဒ္ဒါ၊ စာစီစာကုံး၊ စာလုံး ပေါင်းနဲ့ အဖတ်စတာတွေပါဝင်ပါတယ်။Source. TODAY