ဒက်ထရွိုက်မှ မော်တော်ကားထုတ်လုပ်ရေး လုပ် ငန်းကြီးသုံးခုရဲ့ အမေရိကားတွင် ဒီဇင်ဘာ ရောင်းချမှုက ခိုင်မာမှုရှိခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ပါတယ်။ နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းက အကြီး အကျယ်ကျဆင်းခဲ့ရာမှ တဖြည်းဖြည်းရုန်းထွက်လာပြီ ဖြစ် သည့် အတွက် ၂၀၁၁ ခုနှစ် လုပ်ငန်းဆောင်ရွက်မှု စွမ်း ဆောင်ရည် မြင့်မားလာသလို ယခုနှစ်မှာလည်း ပိုမို ကောင်းမွန်လာလိမ့်မယ်လို့မျှော်လင့်စရာဖြစ်လာခဲ့ပါတယ်။ "မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းအတွက် ဖြစ် ပေါ်နေတဲ့အထိတ်တလန့်ဖြစ်မှုကို တားဆီးပေးပြီး ၂၀၁၂ ခုနှစ်မှာဆက်လက်တိုးတက်လာတော့မယ်ဆိုတာ ထင်ရှား နေပါပြီ"လို့ အမေရိကန် ဂျင်နရယ်မော်တာကုမ္ပဏီရဲ့ ရောင်းချရေးလုပ်ငန်းတွေကိုတာဝန်ယူနေတဲ့ ဒွန်ဂျွန်ဆင် က ပြောပါတယ်။ ၂၀၁၁ခုနှစ်မှာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း တစ်ခုလုံးရဲ့စုစုပေါင်းရောင်းချမှုက ယာဉ်စင်းရေ ၁၃ သန်းအထက်သီသီလေးစွန်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ရောင်း ချမှုဖြစ်တဲ့ ၁၁ ဒသမ ၈ သန်းထက် ၁၀ ရာခိုင်နှုန်း တိုး တက်ခဲ့တာကို ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်တဲ့နောက်ဆုံး စာရင်းဇယားတွေအရသိရပါတယ်။၂၀၁၂ ခုနှစ်မှာ ရောင်း အားက ၁၃ ဒသမ ၅ သန်း ကနေ ၁၄ သန်းအထိရောက်ရှိ လိမ့်မယ်လို့ ဂျီအမ်က ခန့်မှန်းထားပါတယ်။ ၂၀၀၈ ခုနှစ် မတိုင်မီ ၁၂ နှစ်ခန့်က တစ်နှစ်ရောင်းချခဲ့ရတဲ့ တစ်နှစ်ပျှမ်း မျှ ၁၅ သန်းနဲ့ ၁၇ သန်း နှိုင်းယှဉ်ရင်တော့ ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျီအမ်၊ ဖိုဒ့်နဲ့ ခရိုက်စလာတို့အတွက် ပိုမိုအကျိုးအမြတ်ရှိစေနိုင်ဖို့အတွက် လုံလောက်တဲ့အခြေခံ ဖြစ်ပါတယ်။ Source. AFP
Background
