Main menu

Background

အင်ဒိုနီးရှား ပြည်တွင်းမော်တော်ကားရောင်းချမှု မကြုံစဖူးမြင့်တက်

Sun, 01/08/2012 - 11:06 -- Anonymous (not verified)

    အင်ဒိုနီးရှားနိုင်ငံရဲ့ နှစ်စဉ်မော်တော်ကားရောင်းချမှုက ၂၀၁၁ ခုနှစ်မှာမကြုံဖူးအောင် တိုးတက်ခဲ့ပြီး ဂျပန်နိုင်ငံမှာမတ်လက ဆူနာမီဖြစ်ခဲ့ တာကြောင့် ဖြန့်ဖြူးမှုပြတ်တောက်မှာကို စိုးရိမ်နေသည့်ကြားမှ ပြည်တွင်း မော်တော်ကားထုတ်လုပ်သူတွေခန့်မှန်းထားခဲ့တဲ့ စီးရေ ၈၇၀၀၀၀ ထက် ကျော်လွန်ထုတ်လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကားရောင်းချမှု က စီးရေ ၈၈၈ ၃၃၅ စီးရှိခဲ့တာကို အင်ဒိုနီးရှား မော်တော်ကားလုပ်ငန်း အသင်းက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ်က ရှိခဲ့တဲ့စီးရေ ၇၄၄၈၉၅ ထက် ၁၉ ဒသမ ၂၆ ရာခိုင်နှုန်း  သာလွန်ခဲ့တာ ဖြစ်ပါ တယ်။ တစ်ချိန်ထဲမှာ  လက်ကားရောင်းချမှုက  ၂၀၁၁ ခုနှစ်မှာ ၈၉၃၄၂၀ စင်းဖြစ်ခဲ့တဲ့အတွက် တိုးတက်မှု ၁၆ ဒသမ ၉၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။    အင်ဒိုနီးရှားကားဈေးကွက်မှာ အကြီးဆုံးဖြစ်ခဲ့တဲ့ တိုယိုတာ အက်စ် ထရာမော်တာက ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကုမ္ပဏီရဲ့ စုစုပေါင်းရောင်းအားက စီးရေ ၃၁၃ ၉၆၇ စီးဖြစ်တဲ့အတွက် ၃၅ ဒသမ ၃၄ ရာခိုင်နှုန်း  တိုးတက်ခဲ့ပါတယ်။ ဒိုင်ဟတ် ဆုနဲ့ မစ်ဆူဘီရှီတို့က သူ့နောက်မှာရှိနေပြီး စီးရေ ၁၃၇၁၆၆ (၁၅ ဒသမ ၄၄ ရာခိုင်နှုန်း) နဲ့ ၁၂၉၃၄၅ စီး (၁၄ ဒသမ ၅၆ ရာခိုင်နှုန်း) အသီးသီးရှိခဲ့ ပါတယ်။ ဒီတစ်နှစ်လုံးမှာနိုင်ငံရဲ့ စီးပွားရေးစွမ်းဆောင်ရည် မြင့်တက်တဲ့ ကျေးဇူးကြောင့် ပြည်တွင်းဖောက်သည်တွေရဲ့ ဝယ်လိုအား  ပိုမိုမြင့်မား လာမှုကြောင့် ကားရောင်းအားက တစ်ဟုန်ထိုးမြင့်တက်ခဲ့တာဖြစ်တယ်လို့ ဂိုင်ဂင်ဒို ကုမ္ပဏီဥက္ကဋ္ဌ ဆုဒါမန်မာမမ်ဂူစဒီက ဇန်နဝါရီ ၄ ရက်က ပြော ပါတယ်။    ကမ္ဘာ့စီးပွားရေးကျဆင်းတာက အင်ဒိုနီးရှားစီးပွားရေးကို ယခုနှစ်က စပြီး ထိခိုက်မှုရှိမှာဖြစ်တဲ့အတွက် ယခုနှစ်မှာကားရောင်းအားက ၄ ဒသမ ၉၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိပြီး စီးရေ ၉၃၀၀၀၀ ရှိလိမ့်မယ်လို့ ဂိုက် ကင်ဒိုက ခန့်မှန်းထားပါတယ်။       Source. thejarkatpost.com