Main menu

Background

ယူရိုငွေကြေးက ကမ္ဘာ့ရှေ့ဆောင်ငွေကြေးဖြစ်လာနိုင်ဟုဆို

Sun, 01/08/2012 - 11:11 -- Anonymous (not verified)

    ဘဏ္ဍာရေးပေါင်းစည်းမှုလုပ်ငန်းတွေကို ဥရောပခေါင်းဆောင်တွေက အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် လာမဲ့ဆယ်စုနှစ်အတွင်း ယူရို ငွေကြေးက ကမ္ဘာ့ရှေ့ဆောင်ငွေကြေး တစ်ခုဖြစ်လာနိုင်တယ်လို့ ဥရောပဗဟို ဘဏ် (ECB)  မူဝါဒရေးဆွဲသူ ခရစ္စယန်နိုယာက Journal & Dimanche  မှာ ရေးသားအကြံပြုထားပါတယ်။ ဒီဇင်ဘာ ၉ ရက်က ဘရပ်ဆဲမြို့မှာပြုလုပ် တဲ့ အစည်းအဝေးမှာ ဥရောပခေါင်းဆောင်တွေကပိုမိုနက်ရှိုင်းတဲ့စီးပွားရေး သမဂ္ဂ တစ်ခုဖွဲ့စည်းနိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ရည်ရွယ်ချက်က တစ်ခု တည်းသော ယူရိုငွေကြေးပြိုကွဲစေဖို့အတွက် ခြိမ်းခြောက်နေတဲ့ ကြွေးမြီ အကျပ် အတည်းကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။    အကျပ်အတည်းကိုဖြေရှင်းဖို့အတွက် အလုံးစုံပြည့်စုံတဲ့ အဖြေရဖို့ဆိုတာ ကို သံသယရှိတယ်လို့ Fitch  အေဂျင်စီကပြောကြားခဲ့ပြီး တိကျမှုရှိတဲ့ အရေး ယူမှုတွေ ပိုမိုဆောင်ရွက်ဖို့  ECB   ကို တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဒီသတင်း တွေကြောင့် ဈေးကွက်တွေ ယာယီအားဖြင့် ငြိမ်သက်ခဲ့ပါတယ်။    နိုယာရဲ့ တင်ပြချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အချက်တစ်ခုက သဘော ဆန္ဒစစ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ စစ်တမ်းအရ တစ်ခုတည်းသော ငွေ ကြေး ထူထောင်တာများတယ်လို့ ယူဆသူက ၅၀ ရာခိုင်နှုန်းရှိပြီး ထောက်ခံသူ က ၃၅ ရာခိုင်နှုန်းရှိပါတယ်။Source:SINA.com